ပါမောက္ခဦးခင်မောင်ဝင်းမှ အသည်းကျန်းမာရေးအတွက် ဖြေကြားပေးခြင်း (အပိုင်း ၄)

ပါမောက္ခဦးခင်မောင်ဝင်းမှ အသည်းကျန်းမာရေးအတွက် ဖြေကြားပေးခြင်း (အပိုင်း ၄)

 

မဇ္ဈိမ -အခုတစ်ခါ မေးထားတဲ့တာကတော့ အသည်းအဆီဖုံးတာကဘယ်လိုကုသမှုမျိုးယူရမလဲဆိုတာကိုKhinSandar Linn က မေးထားပါတယ်။ ဖြေကြားပေးပါဦး။

Prof: Khin Mg Win -  ဒါကစောစောကလည်းပြောထားပြီးပါပြီ။ အသည်းအဆီဖုံးတာကတော့ ဆေးရုံကိုအားမကိုးပါနဲ့။ အသည်းအဆီဖုံးတဲ့နေရာမှာ ကုတဲ့ဆေးတွေက ursodeoxycholic acid ဆိုတာရှိတယ်။ ဗိုက်တာမင် Eဆိုတာရှိတယ်။ အဆီဖုံးတာကိုပျောက်မှာ မဟုတ်ဘူး။ အဆီကြောင့် အသည်းကိုကာကွယ်တဲ့သဘောပဲရှိတယ်။ အဆီဖုံးတာပျောက်ဖို့ကတော့ တစ်အချက် နေထိုင်မှုပုံစံပြောင်းရမယ်။ နှစ်အချက် ဝိတ်ချရမယ်။ ဆီးချိုရှိရင် ဆီးချိုကို Control လုပ်ရမယ်။

ဝိတ်ကျဖို့အတွက်ကတော့ ဆေးတွေထဲကဆိုရင် အော်လီစတက်ဆိုတဲ့ ဆေးတစ်ခုကအမေရိကန်ပြည်ထောင်စုကအသိအမှတ်ပြုထားတာ။ ဒါမှမဟုတ်ရင် သိပ်ကိုများနေပြီဒါကိုပြောလိုက်ရမယ်ဆိုရင်တော့ ဆရာ့ရဲ့သမီးမင်းမင်းဝင်းဆိုတာဆရာဝန်ပဲသြစတေးရီးယားမှာအလုပ်လုပ်နေတယ်။ ကြာပြီ ၁၀ နှစ်လောက်ရှိနေပြီ။ အရပ် ၅ ပေ ၂ လက်မလောက်မှာပေါင် ၂၀၀ လောက် ဖြစ်သွားတယ်။ အဲဒါကျတော့ ဆေးတွေဘာတွေ Life Style တွေနဲ့ မရတော့ဘူး။ အပေါက်လေးဖောက်ပြီးတော့ အစာအိမ်ရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကိုချည်ပြီး ဖြတ်ပစ်လိုက်တာ။ ၂ ပတ်အတွင်းမှာပေါင် ၂၀ ကျော်ကျသွားတယ်။ အဲဒါကိုနောက်ဆုံးလက်ခံထားတဲ့ဟာပေါ့။ဘာမှ ထိခိုက်မှုလည်းမရှိဘူး။ ပြီးတော့ သမီးကြီးနောက်ကို ဆရာရောအမျိုးသမီးရော ညီမတွေရောအကုန်လိုက်သွားတယ်။ ဒီနေ့ခွဲတယ် နောက်နေ့ သူတစ်မြို့လုံးကိုကားမောင်းပြီးတော့ လိုက်ပတ်ပို့တယ်။ အဲဒီလောက်ကိုလွယ်တယ်။ဘယ်လိုမှ မရတော့ဘူးပိုက်ဆံလည်းတတ်နိုင်တယ်၊ဝိတ်လည်းကျချင်တယ်ဆိုရင်တော့ စင်္ကာပူလောက်မှာသွားပြီးတော့ လုပ်ပါလို့။အဲဒါကစိတ်ချပြီးတစ်ကမ္ဘာလုံးကလက်ခံထားတဲ့ဟာပါ။ ကျန်တာကတော့ ဆေးကအဓိကမရှိဘူးလေ့ကျင့်ခန်းအစားအသောက် ဒါတွေပဲပြောနေတာ။ ဒါပေမယ့် ခုနကမေးသလိုပေါ့။လွယ်တော့လည်းမလွယ်ဘူးအဲ့တော့ အသည်းအဆီဖုံးကို တိုက်ဖျက်တယ်ဆိုတာက တစ်နိုင်ငံလုံးမှာကျန်းမာရေး၊ ကုန်သွယ်ရေးစည်ပင်သာယာကအကြော်တွေရဲ့ ဆီသန့်လား ဒါကိုစစ်ရမယ်။ ဆိုင်တွေကိုခွင့်ပြုတဲ့အခါမှာဘာတွေကိုဘယ်လိုမျိုးဆိုင်တွေကိုဘာတွေ ခွင့်မပြုသင့်ဘူး။ အများကြီးကိုအကုန်လုပ်ရမယ်။ အဲ့တော့ ဒါကအကုန်လုံးဝိုင်းပြီးတော့ ထိန်းမှရမယ့် နိုင်ငံတော်ရဲ့ ပြဿနာတစ်ခုပါ။ အသည်းအဆီဖုံးဆိုတာကပေါ့။

မဇ္ဈိမ -ဟုတ်ကဲ့ပါဆရာကြီး။ နောက်ဆုံးအနေနဲ့Ruby Moe ဆိုတဲ့မေးထားတဲ့ မေးခွန်းလေးနဲ့ အဆုံးသတ်ပါမယ။် သူမေးထားတာကတော့ အသည်းအဆီဖုံးအသည်းကြီးနေတာ သူဆေးသောက်နေပါတယ်။ သက်သာပါတယ်တဲ့။ ဒါပေမယ့် အိပ်မရဖြစ်နေပါတယ်။ ဘာဆေးသောက်ရပါမလဲအသည်းဖက်ခြမ်းမှာဖုပြီးတော့ နေရထိုင်ရတာတစ်မျိုးကြီး ဖြစ်နေလို့ပါတယ်ဆိုပြီးတော့ မေးထားပါတယ်ခင်ဗျာ။

Prof: Khin Mg Win - Ruby Moe ပြောတဲ့လက္ခဏာတွေကအသည်းအဆီဖုံးတာပဲ။ ညာဖက်တစ်ခြမ်းမှာအောင့်တယ်၊လေးတယ် တင်းတင်းကြီးနေတယ် ဒါဖြစ်နေကျပဲ။ အိပ်လို့မရဘူးအိပ်ဆေးကတော့ လွယ်လွယ် သွားမသောက်နဲ့ စွဲသွားလိမ့်မယ်။ အိပ်လို့ရအောင် ခရစ်ယာန်ဆိုလည်းခရစ်ယာန်အလျောက်၊ဗုဒ္ဓဘာသာဆိုလည်းဗုဒ္ဓဘာသာအလျောက်၊မွတ်စလင်ကမွတ်စလင်အလျောက် ကိုယ့်ဘာသာနဲ့ကိုယ် ဘာသာတရားလေးနဲ့ရှု့ပြီးတော့နေ။ပင်ပန်းအောင် လေ့ကျင့်ခန်းလုပ်။ ပင်ပန်းတယ်ဆိုရင် တစ်ခါတည်းအိပ်လိုက်တယ်ဆိုတာနဲ့ အိပ်ပျော်သွားတယ်။ ပင်ပန်းတာများရင်ပေါ့။ ဆရာတို့ကတော့ ခေါင်းချလိုက်ရင် ခေါင်းနဲ့ ခေါင်းအုံးနဲ့ထိရင် အိပ်ပျော်တယ်။ မထိရင်တော့ အိပ်လို့မပျော်သေးဘူး။ ထိရင်တော့ တန်းပြီးတော့ အိပ်ပျော်သွားရော။ အဲတော့ ဒါအတွက်ကိုဆေးကိုအားမကိုးပါနဲ့ ပင်ပန်းအောင်လုပ်ပါ။ ကိုယ့်ဆီမှာရှိနေတဲ့ စိတ်နဲ့ပတ်သက်တာတွေ ဖိအားတွေ ဒါတွေကိုပျောက်ကင်းအောင်လုပ်ပါ။ ပြန်ပြီးတော့ ပြောရရင် အသည်းအဆီဖုံးမှာဆေးကိုအားကိုးလို့မရပါဘူး။

မဇ္ဈိမ -ဟုတ်ကဲ့။ကိုယ်ကိုတိုင် လေ့ကျင့်ရမယ်။ အဲတော့ မဖြစ်ခင် ကြိုတင်ကာကွယ်တာကတော့ အကောင်းဆုံးလို့လည်း ကျွန်တော်တို့ မှတ်သားထားတဲ့ နည်းလမ်းကတော့ ဘဝရဲ့ ကျန်းမာရေးနေထိုင်စောင့်ရှောက်မှုကဘဝမှာအကောင်းဆုံးပေါ့နော်။ အဲတော့ ကျွန်တော်တို့ရဲ့ 4R Health Talk အစီအစဉ်မှာပါဝင်ဖြေကြားပေးတဲ့ ဆရာကြီးကိုကျေးဇူးအများကြီးတင်ပါတယ်။ အဲတော့ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ ဆရာကြီးရဲ့ အကြံပေးစကားတစ်ချို့ကိုသိလိုတာလေးတွေကိုဖြေကြားပေးစေလိုပါတယ်။ အဲတော့ ဆရာကြီးခုနကပြောသွားတယ်ပေါ့နော် အသည်းကျန်းမာရေးဟာ နိုင်ငံတော်အဆင့် တာဝန်ယူရမယ့် အရေးကြီးတဲ့ ကိစ္စပေါ့နော်။ ဆိုတော့ အစိုးရတစ်ရပ်အနေနဲ့ ဒီလိုမျိုးအသည်းကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ အဓိကကတော့ အသည်းဆိုတော့ အသည်းကိုပဲဦးတည်လိုက်မယ်နော်။ ဘယ်လိုမျိုးလုပ်ကိုင်ပေးသင့်သလဲ။ ဥပမာကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ စားသောက်မှုပုံစံတွေကိုဘယ်လိုမျိုးအသိပေးပညာပေးတာတွေ လုပ်ပေးသင့်သလဲပေါ့နော်။ အဲဒါမျိုးကိုဆရာကြီးပြောပြပေးပါလားခင်ဗျာ။

Prof: Khin Mg Win - ဆရာကရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပါမောက္ခဌာနမှူးလုပ်တုန်းကကိုရီးယားက ဆရာဝန်တစ်ယောက်နဲ့ ဆရာနဲ့ တွဲဖက်တာဝန်ပေးတာလေးနှစ်အတူတူလုပ်ဖူးတယ်။ သူ့ရဲ့ နေထိုင်ရေးမှာနေ့တိုင်းဆီလုံးဝမပါဘူး။ ပြုတ်လည်းရေနဲ့ပြုတ်တယ်။ ကိုယ်ကိုယ်တိုင်အပါအဝင်ကနန်းကြီးသုပ်ဆိုရင်လည်းဆီကိုနစ်နေမှ။ဟင်းလည်းဆီပြန်မှ အဲဒါကဒီလိုလေ Change ဆိုတာလုပ်လို့ရှိရင် Resistance ဆိုတာမပြောင်းချင်ဘူးလက်မခံဘူး။ စပြီးပြောတုန်းကလွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကပြောတော့ ဆီမစားဖို့ပြောတော့ တောကလူတွေကဆီမစားလို့ ဘာကိုစားရမှာလဲအကြောင်းပြချက်တွေကအကုန်ပြန်လာနေတယ်။ အဲတော့ ဖြေးဖြေးတော့ ပြောင်းယူရမယ်။ ပြောင်းယူရမှာလည်းဒီလိုလေတိုင်းပြည်ကိုချစ်ရမယ်ဆိုတော့ ပေ ၂၀ ပေ ၆၀ ဆိုင်းဘုတ်ကြီးနဲ့ လုပ်လို့မရဘူးလေ။ ကလေးတွေမဟုတ်ဘူး။ ခေါင်းထဲမှာစွဲသွားအောင်ပေါ့။ ဆီကိုတော့ငါ လျော့ဖို့ လိုတယ်ကွာ ငါ ဘယ်နေ့ကဘယ်လကစပြီး ငါ မစားတော့ဘူး။ ဒါပေမယ့် အဲဒီမှာရပ်နေတယ်။ တကယ်တမ်းကမလုပ်ဖြစ်ကြဘူး။ အဲတော့ ပညာပေးအနေနဲ့ သိမ်မွေ့တဲ့ ပညာပေးနည်းစနစ်လေးနဲ့ပေါ။ အဲတော့ သိမ်မွေ့တဲ့ ပညာရေးစနစ် ကျန်းမာရေးနည်းစနစ်တွေနဲ့တင်လည်းမကဘူး။ ကုန်သွယ်ရေးကလည်းဘယ်လိုအစားအသောက်တွေ ပိတ်မယ်။ ဆီတွေကိုဘယ်လိုလုပ်မယ်။ စားအုန်းဆီတွေကိုပိတ်မယ်။ စည်ပင်သာယာကလည်းဆိုင်တွေ ဘယ်လိုရောင်းရင် ပိတ်မယ် အဲလို ကျွန်တေ်ာပြောတာက နိုင်ငံတော်အနေနဲ့ အသည်းအဆီဖုံးရောဂါ တစ်ခုခုပေါ့ အရေးကြီးပြဿနာလို့ သတ်မှတ်ပြီးတော့ကိုသတ်သတ်မှတ်မှတ် Action Plan ကော်မတီတစ်ခုခွဲပြီးဆောင်ရွက်ပေးမှဖြစ်မယ်လို့ ဆရာကတော့ ထင်တယ်။

မဇ္ဈိမ -ဟုတ်ကဲ့ပါ။ ဆရာကြီးပြောသလိုပေါ့ ဒီမှာကလည်းအသိခေါက်ခက် အဝင်နက်ပေါ့။ တကယ်တမ်းလုပ်ရမယ့်နေရာမှာကျတော့ ရပ်နေတယ်။ ဆိုတော့ ဒီပြဿနာကတဖြည်းဖြည်း ကြီးထွားလာတယ်။ ကျေးဇူးတင်ပါတယ် ဆရာကြီးခင်ဗျာ။

မဇ္ဈိမ -အခုဆက်ပြီးတော့ ဒီအစီအစဉ်ကိုကူညီပံ့ပိုးပေးတဲ့ 4R Consultancy က မစ္စတာရာဗင်ဒရာပြောတာတွေကိုကျွန်တော် အကျဉ်းရုံးလေးဘာသာပြန်ပေးရမယ်ဆိုရင်တော့ ပါမောက္ခ အထူးကုဆရာဝန်ကြီးဒေါက်တာခင်မောင်ဝင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။ မဇ္ဈိမအနေနဲ့လည်းကျေးဇူးတင်ပါတယ်လို့လည်းပြောပါတယ်။ အဲတော့ နောက် လာမယ့် စက်တင်ဘာလထဲမှာဆိုရင်လည်းဒီ 4R Health Talk အစီအစဉ်တွေမှာနောက်ထပ် အထူးကုဆရာဝန်ကြီးတွေနဲ့ ကျွန်တော်တို့ တွေ့ဆုံးပြီးတော့ ဆွေးနွေးသွားဖို့လည်းရှိပါတယ်။ စက်တင်ဘာ ၂ ရက်နေ့မှာဆိုရင်တော့ ပရော်ဖက်ဆာဦးမောင်မောင်မြင့်က ဒီအစီအစဉ်မှာလာပြီးတော့ မေးခွန်းတွေကိုဖြေကြားပေးပါမယ်။ စက်တင်ဘာ ၉ ရက်နေ့မှာဆိုရင်လည်းသွားနဲ့ ပတ်သက်ပြီးတော့ ဆရာကြီးဦးဘမြင့်ကနေပြီးတော့ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီးတော့ မေးခွန်းတွေကိုဖြေကြားပေးဖို့ ရှိပါတယ်။ အဲလိုပဲစက်တင်ဘာလ ၁၆ ရက်နေ့ နောက်ဆုံးစက်တင်ဘာအပတ်တွေမှာဆိုရင်လည်းဆရာကြီးဦးသန်းလွင်တို့ ဆရာကြီးဦးအေးမင်းကျော်တို့ကလည်းဒီအစီအစဉ်မှာမေးခွန်းတွေ ဖြေကြားပေးမှာ ဖြစ်ပါတယ်။ အားလုံးလည်းစောင့်မျှော် ကြည့်ရှုကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။

မဇ္ဈိမ -ဆရာကြီးအနေနဲ့ရောဘာများ ဖြည့်စွက်ပြီးတော့ ပြောချင်တာရှိသေးလဲခင်ဗျ။ ကျွန်တော် ဆရာကြီးနဲ့ ပတ်သက်ပြီတော့ ထာဝရမေမေဆိုပြီးတော့ ရုပ်ရှင်ကားတစ်ကားကိုဒီဇင်ဘာလထဲမှာ ရုံတင်ဖို့ ရှိနေတယ်လို့ သိရတယ်ခင်ဗျာ။ အဲဒီအတွက်လည်း ကြိုတင်ပြင်ဆင်နေတုန်းကလည်း ကျွန်တော်တို့ ရင်ခုန်တယ်လေ။ ဒီကားကဆရာကြီးအနေနဲ့ ဘယ်လိုပုံဖော်ထားသလဲဆရာကြီးအနေနဲ့ အကုန်အကျခံပြီးတော့ ရိုက်ထားတာဘာကြောင့်လဲပေါ့နော်။ ဘယ်လိုမျိုးဆရာကြီးပုံဖော်ထားတယ်ဆိုတာကိုလည်းသိချင်ပါတယ်ခင်ဗျာ။ အဲလိုပဲပရိသတ်တွေလည်းသိချင်မယ်နဲ့တူတယ်။ ဆိုတော့ ဆရာကြီးဒါနဲ့ပတ်သက်ပြီးတော့ အကျဉ်းလောက်ပြောပြီးတော့ မိတ်ဆက်ပေးပေးပါလား။

ဆရာကအမေကိုသိပ်ချစ်တဲ့သား။ အမေ့ကိုသတိရလွန်းလို့ အမေ့ကိုကျေးဇူးဆပ်တဲ့အနေနဲ့ စာအုပ်တစ်အုပ် ရေးလိုက်တာအမေနဲ့ ကျွန်တော်ဆိုတာအရမ်းကိုအောင်မြင်သွားတယ်။ အဲဒါနဲ့ ဒါကို ရုပ်ရှင်ရိုက်ဦးမှပါပဲဆိုပြီးကိုစင်ရော်မောင်မောင်ကိုဒါကို ရိုက်ပေးခက်တော့ခက်တယ် ရသမဟုတ်ဘူးဒီအတိုင်းမှတ်တမ်းအရ ရိုက်ပေးပါဆိုတော့ သူကလည်း ၂ နှစ်လောက် သုတေသနလုပ်ပြီးတော့ ရိုက်ထားတဲ့ ဇာတ်ကားကြီးပါ။ ကျွန်တော်အမေနေရာမှာမေသန်းနု၊ အဖေကရဲအောင်၊ ကျွန်တော်နေရာမှာကိုနေတိုး၊ မင်းသမီး ကျွန်တော် အမျိုးသမီးနေရာမှာကဝတ်မှုံရွှေရည်၊ ရိုက်ထားတဲ့ ဇာတ်ကားပါ။ တော်တေ်ာကို ကျွန်တော် လူရောငွေရောအင်အားရောသုံးပြီးတော့ ရိုက်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ တစ်ခုပါပဲဒီဇာတ်ကားကြီးအောင်မြင်လို့ ဒီဇာတ်ကားကြီးကို ကြည့်လိုက်လို့ ယနေ့ခေတ် လူငယ်တစ်ယောက်ကကမ္ဘာပေါ်မှာကိုယ့်ကိုကိုယ် မေ့နေတဲ့ လူသားတွေ မိန်းမတွေ ရှိနေပါသေးလားအဲဒီမိန်းမတွေဆိုတာအမေတွေပဲကိုယ်ကျိုးကိုဘာမှကိုမကြည့်ဘဲနဲ့ သားသမီးအတွက်ကိုပဲ ကြည့်တယ်ဆိုတဲ့ ခံစားမှုလေးရသွားရင် ကျွန်တော် ကျေနပ်ပါပြီ။ ရသမျှ ရှုံးရှုံး မြတ်မြတ် ဇာတ်ကားကနေရသမျှ ပိုက်ဆံအားလုံးကို လှူမှာပါ။ မုဒုံကန်ကြီးဘုရားမုနိသုံးဆူတန်ဆောင်ဘုရားချို့ယွင်းနေပါပြီ။အဲဒါကိုသိန်းငါးရာကျော် အကုန်ခံပြီးတော့ကျွန်တေ်ာပြင်ပါမယ်။ နောက် ကျိုက်မျောဆရာတော်ကြီးရန်ကုန်မှာသီတင်းသုံးဖို့ ဘုန်းကြီးကျောင်းတစ်ကျောင်းဆောက်ပါတယ်။ လိုတာလည်းအကုန်လှူသွားပါမယ်။အဲတော့ ဒီဇာတ်ကားကို ကျွန်တော်တို့ ဒီဇင်ဘာ ၂၂ ရက်နေ့ ရုံတင်ဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ဒီဇာတ်ကားအကြောင်းကို ကျွန်တော် ထပ်ပြီးတော့ ပြောရရင် အိန္ဒိယဘာသာစကားနဲ့ စာတန်းထိုးပြီးအိန္ဒိယမှာ ပြပါမယ်။ ပြီးတောနယူယောက်မှာပြမယ်။ LA မှာ ပြမယ်။ ယိုးဒယားမှာလည်းပြမယ်။ စင်္ကာပူမှာလည်းပြမယ်။ ဒါတွေဟာဘာလဲဆိုရင် ကျွန်တော်လုပ်နေတာကဘာရည်ရွယ်ချက်မှမပါဘူး။ အမေအတွက်ပဲ။ အမေ့ကိုသတိရလွန်းလို့ ဒီဇာတ်ကားကြီးအောင်မြင်လေအမေ့အတွက် ကျွန်တေ်ာကျေးဇူးဆပ်ရကျိုးနပ်ပြီလို့ ကျွန်တော် ယူဆပြီးတော့ လုပ်နေတာပါ။

မဇ္ဈိမ -ဟုတ်ကဲ့ပါ ကျွန်တော်တို့ဆီမှာဆရာကြီးရိုက်ထားတဲ့ ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ ဇာတ်ကားထဲကဇာတ်ဝင်ခန်းတစ်ချို့ ထုတ်လုပ်ထားတဲ့ ဇာတ်ကွက်တစ်ချို့ ကျွန်တော်တို့မှာရှိတယ်ခင်ဗျာ။ ဒါကိုပရိသတ်တွေကိုဒီအစီအစဉ်ရဲ့ အဆုံးသတ်အနေနဲ့ ပြချင်ပါတယ်ခင်ဗျာ။

Prof: Khin Mg Win - အရမ်းကိုကျေးဇူးတင်ပါတယ်။ ပြပေးရင်တော့။

အပိုင်း (၁) ပြန်လည် ကြည့်ရှု့ရန် - http://mizzimaburmese.com/article/31448

အပိုင်း (၂) ပြန်လည် ကြည့်ရှု့ရန် - http://mizzimaburmese.com/article/31488

အပိုင်း(၃) ပြန်လည်ကြည့်ရှု့ရန်-http://www.mizzimaburmese.com/article/31516

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly