အကြမ်းဖက်သမားများအန္တရာယ်ကြောင့် ကာဂျစ်စတန်-မြန်မာပွဲကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်

အကြမ်းဖက်သမားများအန္တရာယ်ကြောင့် ကာဂျစ်စတန်-မြန်မာပွဲကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်

စက်တင်ဘာ ၄၊ ရန်ကုန်။           ။ စက်တင်ဘာ ၅ ရက်တွင် ကာဂျစ်စတန်နိုင်ငံ၌ ကစားမည့် ကာဂျစ်စတန်နှင့်မြန်မာအသင်းတို့၏ အာရှဖလားခြေစစ်ပွဲကို အကြမ်းဖက်သမားများ အန္တရာယ်ရှိနိုင်သည့်အတွက် ကာဂျစ်စတန်ဝန်ကြီးချုပ် ဆာပါအစ်ကော့ဗ်၏ ညွှန်ကြားမှုဖြင့် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

ကာဂျစ်စတန်နိုင်ငံ၊ ဘစ်ရှက်မြို့တွင်ကျင်းပမည့် အဆိုပါ ပွဲစဉ်အတွက် လက်မှတ်များ ကြိုတင် ရောင်းချပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေကို အာမ မခံနိုင်သည့်အတွက် ဝန်ကြီးချုပ်က ဖျက်သိမ်းရန်ညွှန်ကြားခဲ့ခြင်းဟု ကာဂျစ်စတန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆူလ်တန်နော့ဗ်ကပြောသည်။

“ကျွန်တော်တို့ပွဲကို ချက်ချင်းဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ အာရှဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်မှာပါ။ ပွဲကို ပြန်ကစားမလာ၊ အရှုံးပေးမလားဆိုတာကို   နှစ်ဖက် ဘောလုံးအဖွဲ့ချုပ်က ညှိုနှိုင်းပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ကာဂျစ်စတန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆူလ်တန်နော့ဗ်က ကာဂျစ်စတန်-မြန်မာပွဲကို လတ်တလော ကာလတွင်ပြန်မကစားလိုဘဲ အချိန်အတန်ကြာမှသာ အစ္စလာမ်မစ် တိုင်းပြည်မဟုတ်သော နိုင်ငံတစ်ခုတွင် ပြန်လည်ကစားလိုသည်ဟု ဖြည့်စွက်ပြောကြားသည်။

ဆိုဗီယက်ပြည်ထောင်စုခွဲထွက်နိုင်ငံတစ်နိုင်ငံဖြစ်သော ကာဂျစ်စတန်နိုင်ငံမှာ အစ္စလာမ်မစ်ဘာသာဝင် ၈၀ ရာခိုင်နှုန်းနေထိုင်သည်။

Ref: AKIpress

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required