သိုသိုသိပ်သိပ်နှင့် စစ်မှုထမ်းရန် စာရင်းပေးခဲ့သည့် 2PM အဖွဲ့ဝင် Taecyeon

သိုသိုသိပ်သိပ်နှင့် စစ်မှုထမ်းရန် စာရင်းပေးခဲ့သည့် 2PM အဖွဲ့ဝင် Taecyeon

 

တောင်ကိုရီးယားပေါ့ပ်ဂီတအဖွဲ့ 2PM ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Taecyeon သည် 2PM အဖွဲ့စတင်ဖွဲ့စည်းသည့် ၉ နှစ်ပြည့်မြောက်နေ့တွင် စစ်မှုထမ်းရန်အတွက် စာရင်းပေးသွင်းလိုက်ပြီဖြစ်သည်။

စက်တင်ဘာလ ၄ ရက်နေ့တွင် သူ၏အေဂျင်စီဖြစ်သော JYP Entertainment က သူသည် ကိုရီးယားစံတော် ချိန် ညနေ ၂နာရီခန့်တွင် ဂျောင်ဂီခရိုင်အတွင်းမှ လေ့ကျင့်ရေးစင်တာသို့ သွားရောက်ကာ စာရင်းပေးသွင်းခဲ့ ကြောင်း ကြေညာခဲ့သည်။

အခြားအနုပညာရှင်များသည် သူတို့စစ်ထဲဝင်မည့်နေ့နှင့် နေရာအတိအကျကို ပရိသတ်များအား ကြိုတင်အသိ ပေးလေ့ရှိသော်လည်း Taecyeon က သိုသိုသိပ်သိပ်နှင့်သာ စစ်ထဲဝင်ဖို့ စာရင်းပေးသွင်းလိုသည့် သူ၏ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

ထု့ိကြောင့် သူစာရင်းပေးသွင်းသည့်အချိန်တွင် သူ၏မိသားစုဝင်များနှင့် 2PM အဖွဲ့သားများသာ လိုက်ပါပို့ဆောင် ခဲ့ကြသည်။

အဖွဲ့ဝင်တစ်ဦးဖြစ်သူ Jun.K က 2PM အဖွဲ့၏ ၉နှစ်ပြည့် အောင်ပွဲကျင်းပသည့် ဓာတ်ပုံနှင့် Taecyeon ၏ နှုတ်ဆက်ပွဲမှ ဓာတ်ပုံများကို အင်စတာဂရမ်၌တင်ပြီး “ကျန်းမာရေးဂရုစိုက်ပါ။ မကြာခင်ပြန်တွေ့ကြတာပေါ့” ဟု ရေးသားကာ Taecyeon အား နှုတ်ဆက်ခဲ့သည်။ ဒါ့အပြင် အခြားအဖွဲ့ဝင်တစ်ဦးဖြစ်သူ Nichkhun ကလည်း သူ၏တွစ်တာမှတဆင့် ဆုမွန်ကောင်းတောင်းပေးခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly