အာရှဖလားခြေစစ်ပွဲအဖြစ် ကစားမည့် ကာဂျစ်စတန်-မြန်မာပွဲ ရွှေ့ဆိုင်း

အာရှဖလားခြေစစ်ပွဲအဖြစ် ကစားမည့် ကာဂျစ်စတန်-မြန်မာပွဲ ရွှေ့ဆိုင်း

စက်တင်ဘာ ၄၊ ရန်ကုန်။        ။ ၂၀၁၉အာရှဖလားခြေစစ်ပွဲအဖြစ် စက်တင်ဘာ ၅ ရက်တွင်ကစားမည့် ကာဂျစ်စတန်အသင်းနှင့် မြန်မာအသင်း တို့ပွဲစဉ်ကို လုံခြုံရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့သည်။

ကာဂျစ်စတန်နိုင်ငံတွင် ကစားမည့် အဆိုပါပွဲစဉ်ကို လုံခြုံရေးအခြေအနေ စိုးရိမ်ရသည့်အတွက် ကာဂျစ်စတန်ဘောလုံးအဖွဲ့ချုပ်က   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့ထံ   တောင်းဆိုခဲ့သဖြင့် ပွဲစဉ်ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်အထိ ပွဲပြန်ကစားမည့်ရက်ကို အတိအကျမသိရသေးပဲ အာရှဘောလုံးအဖွဲ့ချုပ်မှာ ပွဲစဉ်ပြန်လည်ရေးဆွဲကာ ထုတ်ပြန်မည်ဖြစ်သည်။

မြန်မာအသင်းမှာ အာရှဖလားခြေစစ်ပွဲအဖြစ် အိန္ဒိယ၊ ကာဂျစ်စတန်၊ မကာအိုအသင်းများနှင့် တစ်အုပ်စုတည်းကျရောက်နေပြီး အိမ်ကွင်း၊ အဝေးကွင်းပတ်လည် ကစားရမည်ဖြစ်သည်။

ကာဂျစ်စတန်နှင့် ကစားရမည့်ပွဲမှာ မြန်မာအသင်းအတွက် တတိယမြောက်ပွဲဖြစ်ပြီး အဖွင့် နှစ်ပွဲတွင် အိန္ဒိယကို ၁ - ၀ ဂိုးဖြင့်ရှုံးထားကာ မကာအိုအသင်းကို ၄ - ၀ ဂိုးဖြင့် အနိုင်ရထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly