မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုကို စစ်ရေးအရတုံ့ပြန်သွားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

By AFP
04 September 2017
မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုကို စစ်ရေးအရတုံ့ပြန်သွားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

ဝါရှင်တန်၊ စက်တင်ဘာ ၄  ။            ။ မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုကို အမေရိကန်တို့ဘက်မှ ကြီးမားသောစစ်အင်အားဖြင့် ပြန်လည်တုံ့ပြန် သွားမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ်က တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။

ဒုံးပျံထိပ်ဖူးထဲသို့ ထည့်သွင်းပစ်လွှတ်နိုင်သော ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို ပြုံယမ်းအစိုးရက အောင်မြင်စွာ စမ်းသပ်အပြီးတွင် သမ္မတဒေါ်နယ်ထရမ့်သည် သူ၏နိုင်ငံတော်လုံခြုံရေး အကြံပေးများနှင့်အတူ တွေ့ဆုံခဲ့ပြီး ဂျင်မ်မက်တစ်နှင့်အတူ စကားပြောဆိုခဲ့သည်။

ထို့နောက်တွင် မက်တစ်က “ အမေရိကန်ပြည်ထောင်စု ဒါမှမဟုတ် ဂူအမ်ကျွန်းအပါအဝင် ကျုပ်တို့ရဲ့ပိုင်နက် မှန်သမျှကို ခြိမ်းခြောက်နေတဲ့ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို ကျုပ်တို့နဲ့ ကျုပ်တို့ရဲ့မဟာမိတ်တွေက ကြီးမား တဲ့စစ်အင်အားနဲ့အတူ ပြန်လည်တုံ့ပြန်သွားမှာ ဖြစ်ပါတယ်။ ဒီတုံ့ပြန်မှုဟာ ထိလည်းထိရောက်သလို အင်အား လည်းကြီးမားပြီး အပြတ်အသတ်နိုင်မှာသေချာပါတယ်” ဟု ပြောခဲ့သည်။

ဆက်လက်ပြီး သူက “ကုလသမဂ္ဂက တညီတညွတ်တည်း ထွက်ဆိုလိုက်တဲ့ သဘောထားကို ကင်မ်ဂျုံအမ်း အနေနဲ့ အရေးစိုက်ဖို့လိုအပ်ပါတယ်။ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုလုပ်ရပ်ကို ကုလသမဂ္ဂအဖွဲ့ဝင် အားလုံးကဆန့်ကျင်ပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်သွားဖို့ အားလုံးကဆန္ဒရှိကြပါတယ်” ဟု ဆက်ပြောခဲ့သည်။

“ကျနော်တို့ဟာ မြောက်ကိုရီးယားနိုင်ငံကို အမြစ်ဖြတ်ချေမှုန်းသွားဖို့ ဆန္ဒမရှိပါဘူး။ ဒါပေမယ့် ကျနော်ပြောခဲ့ သလိုပါပဲ။ ကျနော်တို့မှာ ပြန်လည်တုန့်ပြန်ဖို့ ရွေးချယ်စရာနည်းလမ်းတွေ အများကြီးရှိပါတယ်” ဟု မက်တစ်က ပြောခဲ့သည်။

ဒေါ်နယ်ထရမ့်က ယခုအချိန်သည် မြောက်ကိုရီးယားတို့အား ရွှေပြည်အေးတရားဟောရမည့် အချိန်မဟုတ် တော့ကြောင်းနှင့် ပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုများ လုပ်ရတော့မည့်အချိန် မဟုတ်တော့ကြောင်း ပြောဆိုခဲ့ အပြီးတွင် မက်တစ်က ယခုလိုမှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required