မြန်မာအသင်း အာရှဖလား ခြေစစ်ပွဲစဉ်အား စက်တင်ဘာလ (၅)ရက် ဘစ်ရှက်ခ်မြို့တွင် ကာဂျစ္စတန်နှင့် ယှဉ်ပြိုင်ကစားမည်

မြန်မာအသင်း အာရှဖလား ခြေစစ်ပွဲစဉ်အား စက်တင်ဘာလ (၅)ရက် ဘစ်ရှက်ခ်မြို့တွင် ကာဂျစ္စတန်နှင့် ယှဉ်ပြိုင်ကစားမည်
(ဓာတ်ပုံ - MFF)

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ကာဂျစ္စတန် လက်ရွေးစင်အသင်းနှင့် လာမည့် စက်တင်ဘာလ (၅)ရက်နေ့ မြန်မာစံတော်ချိန် ည(၈း၃၀)နာရီ ဘစ်ရှက်ခ်မြို့ ဒိုလန် အူမာဇာကောဗ့်ကွင်းတွင် ၂၀၁၉ အာရှဖလား ခြေစစ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအသင်းသည် အဆိုပါ ပွဲစဉ်ယှဉ်ပြိုင် ကစားရန် သြဂုတ်လ ၃၁ ရက်နေ့ နံနက်(၆း၀၀)နာရီ တွင် ရန်ကုန်မြို့မှ ကာဂျစ္စတန်နိုင်ငံ ဘစ်ရှက်ခ်မြို့သို့ ထွက်ခွာသွားခဲ့ပြီး ည(၁၀း၀၀)နာရီ ဝန်းကျင်မှာ ကာဂျစ္စတန်နိုင်ငံ ဘစ်ရှက်ခ်မြို့သို့ ရောက်ရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ကာဂျစ္စတန်နှင့် မြန်မာပွဲစဉ်ကို မြန်မာပြည်အတွင်းရှိ ရုပ်သံများမှ ပြသရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မကြာမီ ဆက်လက်ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့  မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၉ အာရှဖလားခြေစစ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ကာဂျစ်စတန်နှင့် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမားစာရင်းမှာ မြန်မာယူ-၂၂ အသင်းမှ ကစားသမား ၇ ဦးပြန်လည်ပါဝင်လာခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ ကစားသမားများမှာ ဂိုးသမား ဆန်းဆက်နိုင်၊ နောက်ခံလူတွေဖြစ်တဲ့ သီဟထက်အောင်နှင့် ဟိန်းသီဟဇော်၊ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ လှိုင်းဘိုဘိုနှင့် ရန်နိုင်ဦး၊ တိုက်စစ်မှူးများဖြစ်တဲ့ အောင်သူနှင့် သန်းပိုင်တို့ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်မှာ ကာဂျစ်စတန်၊ အိန္ဒိယ၊ မကာအိုတို့နှင့် အတူ အုပ်စု(က)မှာ ပါဝင်နေပါတယ်။

ပထမ(၂) ပွဲကစားခဲ့ပြီးရာမှာ အိန္ဒိယကို အိမ်ကွင်းမှာ ဝ-၁ ဂိုးဖြင့်ရှုံးခဲ့ပြီး မကာအိုကို အဝေးကွင်းမှာ ဝ-၄ ဂိုးဖြင့် နိုင်ထားပါတယ်။ လက်ရှိမှာတော့ အိန္ဒိယက ၆ မှတ်၊ မြန်မာက ၃ မှတ်၊ ကာဂျစ်စတန်က ၃ မှတ်၊ မကာအိုက ရမှတ် ရရှိခြင်းမရှိသေးဘဲ အစဉ်လိုက်ရပ်တည်နေပါတယ်

အုပ်စုတွင်း ထိပ်ဆုံး ၂ သင်းက ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။

မြန်မာအသင်းသည် ၁၉၆၈ ခုနှစ်နောက်ပိုင်းကတည်းက အာရှဖလားပြိုင်ပွဲသို့ ဝင်ရောက်ခွင့် မရရှိခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းကို ကစားသမား ၂၁ ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ယူ-၂၂ နည်းပြ ဂတ်ဇီဆီကသာ ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်ကစားသမား ၂၁ ဦးစာရင်း

ဂိုး - သီဟစည်သူ (ရှမ်းယူနိုက်တက်)၊ ကျော်ဇင်ထက် (ရန်ကုန်ယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)

နောက် - ဟိန်းသီဟဇော် (ရှမ်းယူနိုက်တက်)၊ သိန်းသန်းဝင်း (ရတနာပုံ)၊ ဇော်မင်းထွန်း (ရန်ကုန်ယူနိုက်တက်)၊ သီဟထက်အောင် (ချင်းယူနိုက်တက်)၊ ဝင်းမင်းထွဋ် (ရှမ်းယူနိုက်တက်)၊ ဒေးဗစ်ထန် (ရန်ကုန်ယူနိုက်တက်)၊ ကျော်ဇင်လွင် (မကွေး)

လယ် - တင်ဝင်းအောင် (ရှမ်းယူနိုက်တက်)၊ ရန်အောင်ကျော်(ရန်ကုန်ယူနိုက်တက်)၊ လှိုင်းဘိုဘို (ရတနာပုံ)၊ ရန်နိုင်ဦး(ရှမ်းယူနိုက်တက်)၊ သက်နိုင် (ရတနာပုံ)၊ ကောင်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊ မင်းမင်းသူ (ဧရာဝတီယူနိုက်တက်)

ရှေ့ - ဇင်မင်းထွန်း (ရှမ်းယူနိုက်တက်)၊ ကျော်ကိုကို (ရန်ကုန်ယူနိုက်တက်)၊ အောင်သူ (ရတနာပုံ)၊ သန်းပိုင် (ရန်ကုန်ယူနိုက်တက်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly