ကင်ညာရှိ မိန်းကလေးကျောင်း၌ မီးလောင်ကျွမ်းမှုကြောင့် ကျောင်းသူ ရဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရ

ကင်ညာရှိ မိန်းကလေးကျောင်း၌ မီးလောင်ကျွမ်းမှုကြောင့် ကျောင်းသူ ရဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရ

နိုင်ရိုဘီ၊ စက်တင်ဘာ ၃  ။             ။ ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီရှိ မိန်းကလေးအထက်တန်းကျောင်းမှ အဆောင်တစ်ခု၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံးကျောင်းသူ ၇ ဦးခန့် သေဆုံးခဲ့ပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများ က စနေနေ့တွင် ပြောခဲ့သည်။

ဒဏ်ရာရရှိသူ ၁၀ ဦးထဲမှ ၂ဦးခန့်မှာ စိုးရိမ်ရသောအခြေအနေတွင်ရှိပြီး ကျန် ၈ဦးမှာ အန္တာရာယ်မရှိတော့ ကြောင်း နိုင်ရိုဘီမြို့ရှိ မွိုင်မိန်းကလေးကျောင်းအရှေ့၌ ရောက်ရှိနေကြသော သတင်းထောက်များကို ပြည်ထဲ ရေးဝန်ကြီးဖြစ်သူ ဖရက်ဒ်မာတီယန်က ပြောကြားခဲ့သည်။

ဒေသတွင်းမီဒီယာများ၏ သတင်းတင်ပြချက်အရ မီးလောင်ကျွမ်းချိန်တွင် ကျောင်းသူလေးများသည် သူ့ထက်ငါ အလုအယက် ပြုံတိုးပြီး ထွက်ပြေးရန်ကြိုးစားခဲ့သောကြောင့် လူပိခံရသူများရှိခဲ့သလို အချို့မှာအဆောင် ပြတင်း ပေါက်မှ ခုန်ချထွက်ပြေးခဲ့သောကြောင့် ဒဏ်ရာရရှိသူစာရင်းမှာ မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထိုမီးသည် ဒေသစံတော်ချိန်မနက် ၁း၃၀နာရီခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မျက်မြင်သက်သေများ၏ အဆိုအရ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် မီးလောင်ကျွမ်းပြီးနောက် ၂နာရီကြာမှသာ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။

ဝန်ကြီးမာတီယန်က မီးလောင်ကျွမ်းမှုကြောင့် ထိုမိန်းကလေးကျောင်းကို နှစ်ပတ်ခန့်ပိတ်ထားရမည်ဖြစ်ပြီး အာဏာပိုင်များသည် မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကို စုံစမ်းနေကြောင်း ပြောခဲ့သည်။

တစ်ဆက်တည်းတွင် နိုင်ရိုဘီမြို့အနောက်ဘက်မှ ၂၀၅မိုင်ကွာဝေးသောအရပ်ရှိ ကျောင်းအိပ်ကျောင်းစား လက်ခံသည့် အမျိုးသမီးကျောင်းတစ်ခု၌ အလားတူမီးလောင်ကျွမ်းမှုမျိုး ဖြစ်ပွားခဲ့သော်လည်း ပစ္စည်းကရိယာ များသာ ပျက်စီးဆုံးရှုံးခဲ့ရပြီး သေဆုံးသူ၊ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly