ကျီးကန်းပြင်ဌာနချုပ်တွင် ၉ ရက်ကြာပိတ်မိနေသော ဒုက္ခသည်များအား စားနပ်ရိက္ခာများသွားရောက်ကူညီ

ကျီးကန်းပြင်ဌာနချုပ်တွင် ၉ ရက်ကြာပိတ်မိနေသော ဒုက္ခသည်များအား စားနပ်ရိက္ခာများသွားရောက်ကူညီ
ဓာတ်ပုံ-ကိုဝေဟင်အောင်
 

ရန်ကုန်၊ စက်တင်ဘာလ ၂ ။             ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ဘက်ရှိ ကျီးကန်းပြင်ဌာနချုပ်တွင် အကြမ်းဖက်သမားများ၏ တိုက် ခိုက်မှုကြောင့် ၉ ရက်ကြာပိတ်မိနေသော ဒုက္ခသည် ၄ဝဝ ကျော်အတွက်  ဝေဠုကျော် ဖောင်ဒေးရှင်းနှင့် စာရေးဆရာ ဝေဟင်အောင်တို့ ပူးပေါင်းအဖွဲ့က ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင်စား နပ်ရိက္ခာများ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မောင်တောမြို့နယ် မြောက်ဘက်ရှိ ကျီးကန်ပြင်ဌာနချုပ်ရှိ အနီးအနားရွာများမှာ သြဂုတ်လ ၂၄ ရက်၊ ည ၁၁ နာရီအချိန်ခန့်မှ စပြီး အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းအနီးအနားရွာများရှိ ရွာသူ၊ ရွာသားများမှာ ကျီးကန်းပြင်ဌာနချုပ်တွင် နေထိုင်လျက်ရှိကာ ၉ ရက်ကြာထိပိတ်မိနေခြင်းဖြစ်ကြောင်း စစ်တွေမြို့နယ်၊ ဒေသခံ စာရေးဆရာ ကိုဝေဟင်အောင်က မဇ္ဈိမသို့ ပြောသည်။

“ အဲ့ဒီနေရာတွေက ၂၄ ရက်နေ့၊ ညနေ ၁၁ နာရီလောက်မှာ အကြမ်းဖက်မှုဖြစ်တယ်။ အကြမ်းဖက်မှုဖြစ်တော့ အဲ့ဒီဒေသမှာရှိတဲ့ ဒေသခံ ရခိုင်နဲ့ တိုင်းရင်းသားတွေဟာ မနေရဲကြတော့ အမျိုးသမီးတွေနဲ့ ကလေးတွေက လုံခြုံရေးရှိတဲ့ ဌာနချုပ်မှာ ဝင်ခိုင်းထားတယ်။ ယောင်္ကျားတွေကတော့ ရွာတွေကို ခုခံပြီး ကျန်ခဲ့တာပေါ့။ အဲ့ဒီမှာ လူပေါင်း ၄ဝဝ ကျော်လောက်ရှိတယ်။ သူတို့တွေက ပိတ်မိနေတော့ ငတ်နေပြီဗျ။ သူတို့ ၄ဝဝ လောက်ဟာ ဘယ်လိုဖြစ်လည်းဆိုတော့ ကျီးကန်းပြင်ဌာ နချုပ်နဲ့ မောင်တောနဲ့ ဘူးသီးတောင်ဘက်ကို သွားလို့မရလို့ ပိတ် မိနေတာ ဒီနေ့နဲ့ ဆိုရင် ၉ ရက်လောက်ရှိပြီ။ ဒါကြောင့် သွားပြီး ကူညီခဲ့တာပါ။ နောက် ပိတ်မိနေတဲ့ နေရာတွေ ကိုလည်း သွားပြီး ကူညီနိုင်ဖို့ ကြိုးစားနေပါတယ်”ဟု စာရေး ဆရာ ဝေဟင်အောင်က မဇ္ဈိမသို့ ပြော သည်။

ထိုသို့ ကျီးကန်းပြင်ဌာနချုပ်တွင် ၉ ရက်ကြာပိတ်မိနေသော ဒုက္ခသည်များအတွက် ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်၏ ဦးဆောင်မှုဖြင့် ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်ဖောင်ဒေရှင်းနှင့် စာရေးဆရာ ဝေဟင်အောင်တို့ ပူးပေါင်းအဖွဲ့က လုံခြုံရေးအကူအညီဖြင့် စားနပ်ရိ က္ခာများ သွားရောက်ကူညီပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျီးကန်းပြင်ဌာနချုပ်စခန်းအတွက် ဆန်အိတ် ၅ဝ၊ ပဲ ၂ အိတ်၊ အာလူး ၂ အိတ်အပြင် ကင်းသမားများ အတွက် ကွမ်းခြင်း တောင်း ၁ တောင်း၊ ကျီးကန်းပြင် အနောက်ဘက်တွင် ပိတ်မိနေသော ကျေးရွာများ အတွက် ဆန်အိတ် ၁ဝဝ၊ ပဲနှင့် အာလူး ၆ အိတ်တို့ကို အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required