နှစ်လုံးချဲထီ လောင်းကစားနေသူ ၅ ဦးအား လောင်းကြေးငွေ ၄၆၃၇ဝဝ ကျပ်နှင့်အတူ မန္တလေးတွင် ဖမ်းဆီး

နှစ်လုံးချဲထီ လောင်းကစားနေသူ ၅ ဦးအား လောင်းကြေးငွေ ၄၆၃၇ဝဝ ကျပ်နှင့်အတူ မန္တလေးတွင် ဖမ်းဆီး
ဓာတ်ပုံ-မန္တလေးတိုင်း ရဲတပ်ဖွဲ့
 

မန္တလေး၊ စက်တင်ဘာလ ၂ ။           ။ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုး ကျေးရွာအုပ်စု၊ ကျည်တောက်ပေါက်ကျေးရွာတွင်နှစ်လုံးချဲထီ လောင်းကစားနေသူ ၅ ဦးအား လောင်းကြေးငွေ ၄၆၃၇ဝဝ ကျပ်နှင့် အတူဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ကယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် သတင်း ထုတ်ပြန် သည်။

ပြင်ဦးလွင်ခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်ရဲတပ်ဖွဲ့က လောင်းကစားသတင်းအရ သက်သေများနှင့်အတူ စက် တင်ဘာလ ၁ ရက်၊ နေ့လည် ၁၂ နာရီကျော်အချိန်တွင် ကျည်တောက်ပေါက်ကျေးရွာ၊ အမှတ်(၇) ရပ် ကွက်နေ မမိုးမိုးခိုင်နေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေရာမှ အဆိုပါ နှစ်လုံးချဲထီ လောင်းကစားနေသူ ၅ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ နေအိမ်အတွင်းမှ နှစ်လုံးချဲထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းနှင့် စပ်ဆက်ပစ္စည်းများ၊ လက်ကိုင်ဖုန်း ၄ လုံးနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့သော မိုးမိုးခိုင်ဆိုသူ အပါအဝင် ၅ ဦးအား လက်ပန်လှရဲကင်း စခန်းတွင် (ပ)၂ဝ၂/၂ဝ၁၇၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)အရ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required