ဟံသာဝတီယူနိုက်တက်အသင်း အိမ်ကွင်းဖွင့်ပွဲပြုလုပ်မည်

ဟံသာဝတီယူနိုက်တက်အသင်း အိမ်ကွင်းဖွင့်ပွဲပြုလုပ်မည်

စက်တင်ဘာ ၂၊ ရန်ကုန်။               ။ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု မြန်မာနေရှင်နယ်လိဂ်ကလပ် ဟံသာဝတီယူနိုက်တက်အသင်းမှာ အိမ်ကွင်းအဖြစ် ပဲခူးမြို့ရှိအားကစားကွင်းကို အသုံးပြုရန်ပြင်ဆင်မှုပြီးဆုံးပြီဖြစ်သောကြောင့် ကွင်းဖွင့်ပွဲကျင်းပပြုလုပ်မည်ဖြစ်သည်။

ပဲခူးမြို့ရှိ ဟံသာဝတီယူနိုက်တက်အသင်းအိမ်ကွင်းကို Grand Royal Stadium ဟုအမည်ပေးထားပြီး ကွင်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက်တွင်ကျင်းပပြုလုပ်မည်ဖြစ်သည်။

ဟံသာဝတီယူနိုက်တက် အသင်းအိမ်ကွင်းအဖြစ်အသုံးပြုရန် ပဲခူးမြို့ရှိ ပဲခူးတိုင်းအားကစားကွင်းကို ၂၀၁၄ခုနှစ်ကတည်းက စတင်ပြင်ဆင်မှုများပြုလုပ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာခဲ့ရကာ ယခုနှစ်ဘောလုံးရာသီ ဒုတိယအကျော့ပွဲစဉ်များပြန်လည်စတင်မှသာ အသုံးပြုနိုင်ခြင်းဖြစ်သည်။

ဟံသာဝတီယူနိုက်တက်အသင်းကို ၂၀၀၉ခုနှစ်မြန်မာနေရှင်နယ်လိဂ်စတင်ချိန်က ဥဿာယူနိုက်တက်အသင်း အမည်ဖြင့်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ဘောလုံးရာသီတွင် MFF Max Cement Cup ရှုံးထွက်ချန်ပီယံဖြစ်ခဲ့သည်။ ဟံသာဝတီယူနိုက်တက်အသင်းအိမ်ကွင်းအဖွင့်ပွဲအဖြစ် စက်တင်ဘာ ၉ ရက်တွင် ချင်းယူနိုက်တက်ဘောလုံးအသင်းနှင့်ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly