iPhone 8 ကို လာမည့် စက်တင်ဘာ ၁၂ ရက်တွင် Apple တရားဝင် စတင်မိတ်ဆက်မည်

iPhone 8 ကို လာမည့် စက်တင်ဘာ ၁၂ ရက်တွင် Apple တရားဝင် စတင်မိတ်ဆက်မည်

မျှော်လင့်စောင့်စားနေကြလျက်တဲ့ iPhone မျိုးဆက်သစ် iPhone 8 ကို လာမယ့် စက်တင်ဘာ ၁၂ ရက်မှာ Apple ကုမ္ပဏီက စတင်မိတ်ဆက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Apple ကုမ္ပဏီအနေနဲ့ ကုမ္ပဏီရဲ့ iPhone မော်ဒယ်သစ်တွေနဲ့ တစ်ခြားထုတ်ကုန်အဆင့်မြှင့်တင်မှုတွေကို ပုံမှန်ထုတ်ဖော်ပြသလေ့ရှိတဲ့ နှစ်စဉ်ထုတ်ကုန်သစ် ထုတ်ဖော်ပွဲအခမ်းအနားကို ယစက်တင်ဘာ ၁၂ ရက်မှာ ပြုလုပ်တော့မှာဖြစ်ပါတယ်။

ထူးခြားမှုအနေနဲ့ ယခုနှစ် ပွဲအခမ်းအနားကိုတော့ California ပြည်နယ် Cupertino မြို့က ကုမ္ပဏီဌာနချုပ်မှာ ရှိတဲ့ Steve Jobs Theater မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုနှစ် ကုမ္ပဏီရဲ့ထုတ်ကုန်သစ် ဟာ iPhone ဆယ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထွက်ရှိလာမှာဖြစ်လို့ ကြီးကျယ်ခမ်းနားတဲ့ ထုတ်ကုန်တစ်ခုကို မြင်ရဖွယ်ရှိနေပါတယ်။

ကောလာဟလသတင်းတွေအရ ယခု အခမ်းအနားမှာ ကုမ္ပဏီဘက်က ထုတ်ကုန်သစ်သုံးမျိုး ထုထ်ဖော်လာဖို့ ရှိတယ်လို့ သိရပါတယ်။

ယခု ဆယ်နှစ်ပြည့်အနေနဲ့ ထွက်ရှိလာမယ့် iPhone 8 မှာဆိုရင် ကာလာအရောင်အသွေး ပိုကောင်းတဲ့ OLED display တစ်ခုနဲ့အတူ wireless charging စနစ်၊ virtual home button ၊ facial recognition နည်းပညာတို့ပါ ပါဝင်လာမယ်လို့လည်း မျှော်လင့်ရပါတယ်။

ဒါ့အပြင် ယင်းရဲ့ ဈေးနှုန်းပိုင်းနဲ့ပတ်သက်လို့လည်း များပြားနေလိမ့်မယ်လို့ သိရပြီး ယင်းဟာ ဒေါ်လာ ၁,၂၀၀ ထိ ရှိလာနိုင်ကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် ယခုအခမ်းအနားမှာ ကုမ္ပဏီအနေနဲ့ ယင်းရဲ့ ပထမဆုံးသော Cellular Apple Watch နဲ့အတူ 4K  Apple TV set-top box တစ်ခုကိုပါ ထုတ်ဖော်လာဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags