သီချင်းအခွေအသစ်တစ်ခု ဖန်တီးနေပြီဟု အက်ဗရယ်လက်ဗင်းက ပရိသတ်များကိုအသိပေး

သီချင်းအခွေအသစ်တစ်ခု ဖန်တီးနေပြီဟု အက်ဗရယ်လက်ဗင်းက ပရိသတ်များကိုအသိပေး

နာမည်ကျော်အဆိုတော် အက်ဗရယ်လက်ဗင်းသည် သူမ၏သီချင်းအသစ်များ ထွက်ရှိနိုင်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

အသက် ၃၂နှစ်အရွယ်ရှိပြီဖြစ်သည့် ကနေဒါအဆိုတော်လက်ဗင်းက သူမ၏သီချင်းအသစ်များကို စိတ်ရှည်စွာ နှင့် စောင့်ဆိုင်းနေကြသည့် ပရိသတ်များအား ကျေးဇူးတင်ကြောင်းနှင့် သီချင်းများကို ဖန်တီးနေဆဲဖြစ်ကြောင်း ကြာသာပတေးနေ့တွင် တွစ်တာမှတဆင့် အသိပေးခဲ့သည်။

လက်ဗင်းက “ကျွန်မရဲ့ပရိသတ်များရှင့်။ အယ်လ်ဘမ်အသစ်ထွက်ရှိဖို့အတွက် ကျမကြိုးစားနေတဲ့အချိန်မှာ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ သီချင်းမထွက် တာလည်း အချိန်တော်တော်ကြာပြီဖြစ်တာကြောင့် ဒီအခွေအသစ်ဟာ ပရိသတ်များ စိတ်ကျေနပ်စေရလောက် အောင် ကောင်းမွန်ဖို့အတွက် ကျွန်မကြိုးစားနေပါတယ်” ဟု တွစ်တာ၌ ရေးသားခဲ့သည်။

ဆက်လက်ပြီး “ရှင်တို့အားလုံးကို ကျွန်မရဲ့အကောင်းဆုံးသော အနုပညာအရည်အသွေးတွေကို ချပြနိုင်ဖို့ အတွက် ကျွန်မကြိုးစားနေပါတယ်။ ကျွန်မဖန်တီးနေတဲ့ သီချင်းအသစ်တွေကို ရှင်တို့နဲ့အတူမျှဝေခံစားနိုင်မယ့် အချိန်ကိုရောက်ဖို့ ကျွန်မ မစောင့်နိုင်တော့ပါဘူး။ ရှင်တို့အားလုံး မထင်မှတ်တဲ့အချိန်မှာ ထွက်ရှိလာစေရမယ်လို့ ကျွန်မ ကတိပေးပါတယ်။ အားလုံးကိုချစ်တဲ့ အေဗရယ်” ဟု တွစ်တာပေါ်၌ ရေးသားခဲ့သည်။

အေဗရယ်လက်ဗင်း၏ နောက်ဆုံးထွက်ရှိထားသော သီချင်းအယ်လ်ဘမ်မှာ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့သော Avril Lavigne ဟု အမည်ပေးထားသည့် အယ်လ်ဘမ်ဖြစ်သည်။ သူမသည် သီချင်းအသစ်များ မထွက်ရှိသည်မှာ ၄ နှစ်ခန့် ကြာမြင့်နေပြီဖြစ်သည်။

BMG တေးသံသွင်းနှင့်အတူ စာချုပ်ချုပ်ဆိုပြီးသည့်နောက်တွင် ၂၀၁၇ ခုနှစ်အတွင်း တစ်ချိန်ချိန်၌ သီချင်း အယ်လ်ဘမ်အသစ် ထွက်ရှိမည်ဖြစ်ကြောင်း အင်စတာဂရမ်မှတဆင့် လက်ဗင်းက ကြေညာခဲ့သည်။ ထိုအယ်လ်ဘမ်အသစ်သည် သူမ၏ ၆ချပ်မြောက် အယ်လ်ဘမ်ဖြစ်လာမည်ဟု သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required