AA အဖွဲ့ကို ထိရောက်စွာလက်တုံ့ပြန် တိုက်ခိုက်ချေမှုန်းသွားမည်ဟု တပ်မတော်သတင်းထုတ်ပြန်

AA အဖွဲ့ကို ထိရောက်စွာလက်တုံ့ပြန် တိုက်ခိုက်ချေမှုန်းသွားမည်ဟု တပ်မတော်သတင်းထုတ်ပြန်
မောင်တောမြို့တွင် လုံခြုံရေးယူထားသော တပ်မတော်သားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-ဇေယျာမော်

ရန်ကုန်၊ စက်တင်ဘာ ၁ ။            ။ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် (AA) က တပ်မတော်စစ်ကြောင်းတစ်ခုအား ချောင်းမြောင်းတိုက်ခိုက်ခဲ့သောကြောင့် ထိရောက်စွာ တိုက်ခိုက်ချေမှုန်းသွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ (စက်တင်ဘာ ၁ ရက်) တွင် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် လုံခြုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ချိန်တွင် AA အဖွဲ့က တပ်မတော်စစ်ကြောင်းတစ်ခုအား ၂၀၁၇ ဩဂုတ်လ ၃၁ ရက်နေ့တွင် အလစ်အငိုက်ရယူ၍   ချောင်းမြောင်းတိုက်ခိုက်မှု   ပြုလုပ်ခဲ့ပါသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် မလုပ်သင့်၊ မလုပ်ထိုက်သည့်ကိစ္စအား ဆောင်ရွက်ခဲ့သည့်အတွက် AA အဖွဲ့အား တပ်မတော်မှ ပြင်းထန်စွာပြစ်တင် ရှုံ့ချသည်ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်စာတွင်ရေးသားထားသည်။

ယင်းဖြစ်စဉ်တွင် တပ်မတော်ဘက်မှ အရာရှိ/ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပါသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags