ဟူစတန်မြို့ရှိ ရေဘေးသင့်ပြည်သူများအတွက် လီယိုနာဒိုက ဒေါ်လာတစ်သန်းလှူဒါန်း

ဟူစတန်မြို့ရှိ ရေဘေးသင့်ပြည်သူများအတွက် လီယိုနာဒိုက ဒေါ်လာတစ်သန်းလှူဒါန်း

ဟောလိဝုဒ်၏နာမည်ကျော်မင်းသားဖြစ်သူ လီယိုနာဒိုဒီကာပရီယိုသည် ဟာရီကိန်းမုန်တိုင်းဟာဗေးကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားနေသည့် တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှ   ရေဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာတစ်သန်းခန့် လှူဒါန်းခဲ့သည်။

သူသည်မကြာသေးခင်ကမှ တည်ထားသောပရဟိတအဖွဲ့သစ် United Way Harvey Recovery Fund ကို ဒေါ်လာတစ်သန်းလှူဒါန်းခဲ့ခြင်းဖြစ်ပြီး ထိုအဖွဲ့သည် ရေဘေးသင့်ပြည်သူများကို အကူအညီပေးနေသည့် အဖွဲ့တစ်ခုဖြစ်သည်။ မင်းသားဖြစ်သူ၏ သဒ္ဒါတရားထက်သန်မှုနှင့် စိတ်ကောင်းရှိမှုအတွက် အလွန်ကိုကြည်နူး ရကြောင်း အဖွဲ့၏တာဝန်ရှိသူများက ပြောခဲ့သည်။

ပြီးခဲ့သော ရက်ပိုင်းကလည်း မင်းသမီးဆန်ဒရာဘူးလော့ခ်သည် ရေဘေးသင့်ပြည်သူများကို အကူအညီပေးရန် အတွက် အမေရိကန်ကြက်ခြေနီအဖွဲ့သို့ ဒေါ်လာတစ်သန်းခန့် လှူဒါန်းခဲ့သည်။

တက္ကဆက်ပြည်နယ်၌ ရေဘေးဒဏ်ကိုခံစားနေရသော ပြည်သူများအတွက် အရေးပေါ်ဘတ်ဂျက်များလိုအပ် နေသောကြောင့် နာမည်ကျော်အနုပညာရှင်များဖြစ်ကြသော ဟာသသရုပ်ဆောင် ကီဗင်ဟာ့တ်၊ ကာဒါရှန်း မိသားစု၊ ဂျနီဖာလိုပက်ဇ်၊ ခရစ္စဘရောင်း၊ ဘီယွန်းစေးနှင့် ဒွိန်းဂျွန်ဆင်တို့ကလည်း ငွေကြေးများလှူဒါန်းခဲ့ကြ သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly