ရေဘေးသင့်ပြည်သူများအတွက် ဒေါ်နယ်ထရမ့်က အမေရိကန်ဒေါ်လာတစ်သန်းလှူဒါန်း

By AFP
01 September 2017
ရေဘေးသင့်ပြည်သူများအတွက် ဒေါ်နယ်ထရမ့်က အမေရိကန်ဒေါ်လာတစ်သန်းလှူဒါန်း

 

ဝါရှင်တန်၊ စက်တင်ဘာ ၁ ။          ။ ဟာရီကိန်းမုန်တိုင်းဟာဗေးကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် တက္ကဆက်နှင့် လူဝီစီယားနား ပြည်နယ်တို့၌ အရေးပေါ်ရန်ပုံငွေများ လိုအပ်နေသည့်အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်ဒေါ်လာတစ်သန်းခန့် လှူဒါန်းသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ကြာသာပတေးနေ့၌ ပြောခဲ့ သည်။

“တက္ကဆက်နဲ့ လူဝီစီယားနားပြည်နယ်က ပြည်သူတွေကို အကူအညီပေးဖို့အတွက် သူ့ရဲ့ကိုယ်ပိုင်ငွေထဲက ဒေါ်လာတစ်သန်းခန့်ကို လှူဒါန်းသွားဖို့ သူက ကတိပေးခဲ့ပါတယ်” ဟု အိမ်ဖြူတော်၏   ပြောခွင့်ရပုဂ္ဂိုလ် ဆာရာ ဆန်ဒါးစ်က သတင်းထောက်များကို ပြောခဲ့သည်။

လွန်ခဲ့သော ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းစဉ်က ဒေါ်နယ်ထရမ့်သည် ရန်ပုံငွေများလှူဒါန်းကြောင်း ထပ်ခါထပ်ခါ ကြေညာခဲ့သော်လည်း လက်တွေ့တွင် ဆုံးခန်းတိုင်အောင် မလုပ်ခဲ့ သည့်အတွက် ဝေဖန်ခံခဲ့ရဖူးသည်။

ဆန်ဒါးစ်က ထရမ့်သည် ငွေများကို မည်သို့သုံးစွဲရန်အတွက် အိမ်ဖြူတော်ရှိ သတင်းသမားများထံမှ အကြံဉာဏ် တောင်းခံခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဒါ့အပြင် ထရမ့်သည် ဟူစတန်မြို့နေရာများနှင့် လူဝီစီယားနားပြည်နယ်ရှိ ချားလ်စ်ရေကန်သို့ လာမည့်စနေနေ့ တွင် သွားရောက်လည်ပတ်မည့် အစီအစဉ်ရှိကြောင်း ဆန်ဒါးစ်က ကြေညာခဲ့သည်။

ပြီးခဲ့သော အင်္ဂါနေ့က တက္ကဆက်ပြည်နယ်သို့ သွားရောက်ခဲ့သည့် ထရမ့်သည် ထောက်ပံ့ပို့ဆောင်ရေးနှင့် လုံခြုံ ရေးအခက်အခဲများကြောင့် ရေကြီးမှုဖြစ်ပွားနေသော နေရာများကို သွားရောက်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags