အထူးကုဆရာဝန်ကြီးပါမောက္ခဒေါက်တာခင်မောင်ဝင်းမှ အသည်းကျန်းမာရေးအတွက် ဖြေကြားပေးခြင်း အပိုင်း(၁)

အထူးကုဆရာဝန်ကြီးပါမောက္ခဒေါက်တာခင်မောင်ဝင်းမှ အသည်းကျန်းမာရေးအတွက် ဖြေကြားပေးခြင်း အပိုင်း(၁)

မင်္ဂလာပါ ခင်ဗျာကျန်းမာရေးရာအစီအစဉ်တစ်ခု ဖြစ်တဲ့ မဇ္ဈိမရဲ့ 4R Health Talk အစီအစဉ် ပြန်လည် စတင်ပါပြီ။ ဒီအစီအစဉ်ကနေပြီးတော့ တိုက်ရိုက်မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးဖို့ ရှိနေပါတယ် ခင်ဗျာ။

ဒီနေ့အစီအစဉ်မှာတော့ အသည်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေးမေးခွန်းတွေကို ကျွန်တော်တို့နှင့်အတူ တိုက်ရိုက်ဖြေကြားပေးဖို့အတွက် အသည်းအထူးကုဆရာဝန်ကြီးပါမောက္ခဦးခင်မောင်ဝင်းကလည်း ကျွန်တော်တို့ရဲ့ စတူဒီယိုထဲကိုရောက်ရှိနေပါပြီခင်ဗျ။

ပထမဦးဆုံးဒီအစီအစဉ်ကိုမစခင် ကျွန်တော်တို့ရဲ့ 4R Health Talk အစီအစဉ်ကို ကမကထလုပ်ပေးတဲ့ Mr. Ravindra Jain ကနေလည်းဒီအစီအစဉ်နဲ့ ပတ်သက်ပြီးတော့ အကျဉ်းချုပ် ပြောပြပေးဖို့ ရှိနေပါတယ်။

Mr. Ravindra Jain ပြောသွားတဲ့ အကြောင်းအရာတွေ ထဲကနေပြီးတော့ ကျွန်တော် အကျဉ်းချုပ် ပြန်ပြီးတော့ ဘာသာပြန် ပြောပြပေးပါ့မယ်။

အရင်ဆုံးသူပြောပြသွားတာကသူရဲ့ အိမ်မက်တွေကအမှန်တကယ်ဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ အသည်းဆိုင်ရာကျန်းမာရေးနှင့် ပတ်သက်ပြီးတော့ အထူးကုဆရာဝန်ကြီးပါမောက္ခ ဦးခင်မောင်ဝင်းကိုဒီလိုမျိုးဖိတ်ခေါ်ပြီးတော့ ဒီအစီအစဉ်မှာပါဝင်ဖို့အတွက် ဖြစ်လာတဲ့ အတွက်ကြောင့် မို့လို့ ပေါ့နော်။ သူရဲ့ စိတ်ကူးတွေ အမှန်တကယ် ဖြစ်လာပြီလို့ ပြောချင်ပါတယ်တဲ့။ အဲတော့ ဖေ့ဘုတ်ပဲသုံးသုံး Google မှာလည်းအသည်းနှင့် ပတ်သက်ပြီးတော့ ရှာကြည့်ချင်တဲ့ အခါမှာလည်းဒီပါမောက္ခ ဦးခင်မောင်ဝင်းဆရာဝန်ကြီးရဲ့ နာမည်ကိုလည်းတွေ့ရမယ်ပေါ့နော်။ ဒါဟာဆရာဝန်ကြီးနှင့် ပတ်သက်ပြီးတော့ ဒီ နိုင်ငံရဲ့ ဆေးပညာလောကမှာဘယ်လိုမျိုးအောင်မြင်ကျော်ကြားမှု ရှိတယ်ဆိုတာကိုလည်းသူပြောပြသွားတာပါ။ အဲအတွက်ကြောင့်လည်း ဆရာဝန်ကြီးကိုကျေးဇူးတင်ပါတယ်လို့လဲသူပြောပါတယ် ခင်ဗျ။ နောက်ထပ် သူပြောတာကတော့ သူရဲ့ ယခုအလုပ် လုပ်နေအုပ်ချုပ်မှု ဒါရိုက်တာအဖြစ် လုပ်ကိုင်နေတဲ့ 4R Consultancy အကြောင်းပေါ့နော်။ အဲတာကိုလည်း ကျွန်တော် အကျဉ်းလေးမိတ်ဆက်ပေးပါ့မယ်။ ဒီ 4R Consultancy ဆိုတာကအိန္ဒိယ၊ စင်ကာပူ၊ ထိုင်း၊ ဒူဘိုင်း၊ မလေးရှား၊ အမေရိကန် စတဲ့ နိုင်ငံတွေမှာကျန်းမာရေးဆိုင်ရာ Health Talk ပုံစံမျိုးပေါ့နော် ဆရာဝန်တွေကိုချိတ်ဆက်ပြီးတော့ ဆေးပညာနှင့် ပတ်သက်ပြီးတော့ ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တယ်လို့ သူကတော့ မိတ်ဆက်ပေးပါတယ် ခင်ဗျ။ သူ့ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့ 4R Consultancy ရဲ့ တိုက်ရိုက် ဖုန်းနံပတ်ကတော့ ၀၉၉၇၇၁၁၇၁၄၀ဖြစ်ပါတယ် ခင်ဗျ။ သူရဲ့ ဖုန်းနံပတ်ကိုဆက်သွယ်ပြီးတော့ ကျန်းမာရေးဝန်ဆောင်မှုတွေ ရယူလို့ ရပါတယ် ဆိုပြီးသူကပြောပြထားပါတယ် ခင်ဗျ။ ဒီအစီအစဉ်အတွက်လည်းဆရာကြီးကိုကျေးဇူးတင်ပါတယ်လို့လဲပြောထားပါတယ် ခင်ဗျ။

အရင်ဆုံး ကျွန်တော့်မှာရှိတဲ့ မေးခွန်းတစ်ချို့နှင့် စတင်ခွင့် ပြုပါခင်ဗျ။ ဆိုတော့ လူရဲ့ ချစ်ခြင်းမေတ္တာပဲ ဖြစ်ဖြစ်ပေါ့နော် ပြောလိုက်မယ်ဆိုရင် အသည်းနှလုံးဆိုပြီးပြောကြတယ်ပေါ့။ ဆိုတော့ နှလုံးသားကလည်းသူရဲ့ လုပ်ငန်းဆောင်တာရှိသလို အသည်းဆိုတာကလည်း ချစ်ခြင်းမှာမင်းရဲ့ ကိုယ်ရဲ့ အသည်းတွေ ပါတွေ ဆိုပြီးပြောကြတယ်လေ။ အရင်ဆုံး ကျွန်တော်ကတော့ ရိုးရှင်းတဲ့ မေးခွန်းတစ်ခုနှင့် စချင်တယ်ခင်ဗျ။

မဇ္ဈိမ- အသည်းကလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာဘယ်လောက်ထိအရေးပါတယ်ဆိုတာဆရာကြီးဖြေကြားပေးစေလိုပါတယ်ခင်ဗျ။

Prof: Khin Mg Win -အသည်းဆိုတာကကိုယ်ခန္ဓာအတွက် မရှိမဖြစ် လုံးဝမရှိမဖြစ် တစ်ခုပါပဲ။ ဘာဖြစ်လို့ မရှိမဖြစ်ဘူးဆိုတာလဲဆိုတော့ နံပါတ် (၁) က လူခန္ဓာကိုယ် တစ်ခုလုံးလိုအပ်တဲ့ စွမ်းအင်တွေ သူကထုတ်ပေးတာ။ (၂ ) က metabolism ကြီးတစ်ခုလုံးအားလုံးပရိုတိန်း၊ ကာဗွန်ဟိုက်ဒရိုက်၊ ပြီးတော့ ကစီဓာတ် အားလုံးရဲ့ metabolism အားလုံးကိုသူက Balance  လုပ်တယ်။ သူမရှိရင် ကမောက်ကမအကုန် ဖြစ်သွားမယ်။နောက်တစ်ခုကသွေးခဲရာမှာပါတဲ့ သွေးတိတ်ရာမှာသွေးကိုလည်းမတိတ်လွန်းအောင် သွေးကိုလည်းမခဲလွန်းအောင် Balance လုပ်ပြီးထိန်းထားတာသူပဲ။ အသည်းမကောင်းဘူးဆိုရင် သွေးတွေအန်မယ်။  ဦးနှောက်သွေးကြောပေါက်မယ်။ အစာအိမ်သွေးကြောပေါက်မယ် တစ်ခါတည်းသေသွားနိုင်တယ်။ အဲလို ဖြစ်မှာဆိုးလို့ တအားခဲပြန်ရင်လည်း နှလုံးသွေးကြောပိတ်မယ်။ ဦးနှောက်သွေးကြောတွေ ပိတ်မယ်။ အဲဒါတွေ ဖြစ်မယ်။ နောက် လူ့ခန္ဓာကိုယ် တစ်ခုအတွက် လိုအပ်တဲ့ တိုက်ခိုက်ဖို့ ကိုယ်ခံအား ပဋိဇီဝတွေကိုလည်း ထုတ်ပေးတယ်။ နောက် လူ့ခန္ဓာအတွက် လိုအပ်တဲ့ ပရိုတိန်းမရှိမဖြစ် အယ်ဘျူမင်ကိုလည်းထုတ်ပေးတယ်။ ခြုံပြီးပြောရရင်တော့ အသည်းဆိုတာလူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် အထူးကိုလိုအပ်တဲ့ အော်ဂင်တစ်ခုပဲ။ ဘာဖြစ်လို့တုန်းအခုနကပြောတဲ့ သူ့ရဲ့ လုပ်ဆောင်မှု တာဝန်တွေကမရှိရင် လူတစ်ယောက် အသက်ကိုမရှင်နိုင်တဲ့ အော်ဂင်တစ်ခုပါ။

မဇ္ဈိမ- ဆိုတော့ အသည်းဟာကျန်းမာရေးရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေ အတွက်ကိုအရမ်းကိုအရေးပါတယ်။ ပြီးတော့ ကျန်းမာရေးအထောက်အကူပြုတဲ့ ပစ္စည်းတွေကိုလည်း ဒီကနေ ရရှိနိုင်တယ်ပေါ့။ ဆိုတော့ လူတွေကအသည်းမကောင်းမကောင်းဘူးလို့ ပြောကြတယ်။ ကျွန်တော်တို့ ဗဟုသုတအနေနဲ့ ကြားဖူးတာကအရက်သောက်တယ်။ ပြီးတော့ အစားအသောက်တွေ မဆင်ခြင်ဘူး။ အဲဒီအခါမှာလည်းဒီအသည်းနှင့် ပတ်သက်ပြီးတော့ မကျန်းမာခြင်းတွေ အသည်းနှင့် ပတ်သက်ပြီးတော့ ထိခိုက်ဒဏ်ရာတွေ ရှိလာတယ်လို့ ပြောတယ် ခင်ဗျ။ ဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာအသည်းနှင့် ပတ်သက်ပြီးတော့ ဘယ်လိုရောဂါအမျိုးအစားတွေ အဖြစ်များလဲ။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာရောဂါဖြစ်တယ်ဆိုရင် ဘယ်လိုအကြောင်းအကြောင်းတွေကြောင့် အသည်းရောဂါဖြစ်တာလဲဆရာ။ အဲတာလေးရှင်းပြပေးပါအုံး။

Prof: Khin Mg Win -အသည်းကိုအဓိက မြန်မာနိုင်ငံမှာတိုက်ခိုက် ဖျက်ဆီးနေတာကအသည်းရောင် အသားဝါ ဘီပိုးနှင့် စီပိုးပဲ။ လူရဲ့ ခန္ဓာကိုယ် အသည်းဆိုတာတော်တော်ကိုခံနိုင်ရည် ရှိတယ်။ ဒီပိုးတွေဟာဘီပိုးဟာတစ်နေ့ကို100  ဘီလီယံပွားတယ်။ စီပိုးကတစ်နေ့ကို 105 ဘီလီယံပွားတယ်။ အဲတော့ ဘီပိုးစီပိုးရှိမှန်းမသိဘဲနဲ့ ဒီလိုသွားလာနေထိုင်နေတော့ အသည်းထဲကိုလှိုက်စားနေတာလေ။ လှိုက်စားတော့ တိုက်ပါများတော့ မခံနိုင်တော့ဘူး။ အသည်းကဆဲလ်တွေ ပျက်စီးပြီးအသည်းခြောက် အသည်းကင်ဆာ ဖြစ်တာပေါ့။ ပြန်ပြောရမယ်ဆိုရင် အသည်းကိုထိခိုက်ဆုံးက မြန်မာနိုင်ငံအနေနဲ့   ပြောရမယ်ဆိုရင် ၆၀ရာခိုင်နှုန်းလောက်ဟာအသည်းရောင် အသားဝါ ဘီပိုးစီပိုး၊ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းလောက်ကအရက်။ အရက်ကလည်းစည်းမဲ့ ကမ်းမဲ့ အလွန်အကျွံ အကုန် ဈေးချိုချိုနှင့် မြန်မာနိုင်ငံမှာသောက်လို့ အကုန်ရနေတာကိုး။ အဲတော့ အရက်ပေါ့။ အရက်ပြီးတော့မှ နောက်ထပ် လိုက်လာတာက ၅ ရာခိုင်နှုန်းလောက် အဆီပေါ့။ ကျွန်တော်တို့ မြန်မာတွေဟာထုံစံအားဖြင့်ကိုအဆီတွေကို ကြိုက်တာအဆီတွေကိုစားတာ။ အမေတို့ အညာမှာ ကျွန်တော်တို့ ငယ်ငယ်ကတည်းကဆီကရာဝင်အိုးကြီးနဲ့ တစ်နှစ်စာလှောင်ထားတာ။ တစ်နှစ်ကိုရာဝင်အိုကြီးတွေ နှစ်အိုးသုံးအိုးလောက် လှောင်တာ။ ဆီကိုလက်နေမှ အခု မြန်မာထမင်းဆိုင်တစ်ခုကိုသွားစားတယ်။ ယနေ့ ရန်ကုန်မှာသွားစားမယ်ဆိုရင် ဟင်းတုန်းမမြင်ရဘူး။ ဆီကဖုံးနေတာ။ အဲလိုအဆီက ကြိုက်တာ။ အဲလိုကြိုက်တဲ့ အထဲမှာအနောက်တိုင်းကသူတို့နိုင်ငံမှာ ရှုံ့ချထားတဲ့ ဟာတွေကအကုန်ဝင်လာပြီးပေါ့။ fast food chains လို့ ခေါ်တဲ့ အလုပ်သမားလူတန်းစားတွေဟာအလုပ် လုပ်ရင်းနဲ့ ဟမ်ဘာဂါလေးကိုက် စား Coke  တစ်ဗူးလောက်နဲ့ ဖန်ခွက်ကြီးတစ်ခွက်နဲ့ အဲလိုအနိမ့်စားလူတန်းစားစားတဲ့ ဟာတွေဟာ မြန်မာနိုင်ငံမှာသူဌေးသားလူကုန်တန် အလွှာပိုက်ဆံရှိတဲ့သူတွေ စားတာ ဖြစ်နေတယ်။ ဝင်လာနေပြီ။

အပိုင်း (၂) ဆက်လက် ဖော်ပြပေးပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly