ရုပ်ရှင်ဇာတ်ကားသစ် တစ်ခု၌ ဆိုဂျီဆပ်နှင့် ဆွန်ရီဂျင်တို့ အတူတွဲသရုပ်ဆောင်မည်ဟု အတည်ပြု

ရုပ်ရှင်ဇာတ်ကားသစ် တစ်ခု၌ ဆိုဂျီဆပ်နှင့် ဆွန်ရီဂျင်တို့ အတူတွဲသရုပ်ဆောင်မည်ဟု အတည်ပြု

 

မင်းသားဆိုဂျီဆပ်နှင့် မင်းသမီးဆွန်ရီဂျင်တို့ကို နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ရုပ်ရှင်ပိတ်ကားထက်၌ အတူတကွ ထပ်မံမြင်တွေ့ရဦးမည်ဖြစ်သည်။

သူတို့နှစ်ဦး ဦးဆောင်သရုပ်ဆောင်မည့် ထိုရုပ်ရှင်၏အမည်ကို I’m on My Way to Meet You ဟု ပေးထားပြီး အခြားသရုပ်ဆောင် ကြယ်ပွင့်များဖြစ်ကြသော ကင်မ်ဂျီဟွမ်း၊ ဂိုချန်ဆုခ်၊ လီဂျွန်ဟွတ်ခ်၊ ဆွန်ယိုအန်း၊ လီယိုဂျင် နှင့် ကင်မ်ဟွမ်ဆူးတို့ ပါဝင်ထားကြကာ ရိုက်ကူးရေးများကို ပြီးခဲ့သော သြဂုတ်လ ၁၂ရက်နေ့ကတည်းက စတင် ထားခဲ့ပြီးပြီဖြစ်သည်။

I’m on My Way to Meet You ရုပ်ရှင်သည် ဂျပန်ဝတ္ထုတစ်ပုဒ်ကို ဇာတ်အိမ်တည်ထားပြီး အမျိုးသမီးတစ်ဦး (ဆွန်ရီဂျင်) သည် သူမ မကွယ်လွန်မီတွင် ခင်ပွန်းဖြစ်သူ (ဆိုဂျီဆပ်) အား ယုံကြည်ရန်ခက်ခဲသော ကတိတစ်ခု ကို ပေးခဲ့သည်။

ထိုကတိမှာ သူမသည် ကွယ်လွန်ပြီး တစ်နှစ်ကြာသည့်အခါတွင် မိုးသည်းထန်စွာ ရွာသွန်းနေ သော နေ့တစ်ရက်၌ မိသားစုထံသို့ ပြန်လာမည်ဆိုသော ကတိဖြစ်သည်။

တစ်နှစ်အကြာတွင် သူမသည်ကတိအတိုင်း သူမ၏ခင်ပွန်းဖြစ်သူနှင့် သားဖြစ်သူထံသို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း သူမ၏ မှတ်ဉာဏ်များ ပျောက်ဆုံးနေသည်ကို ကြည့်ရှုရမည်ဖြစ်သည်။

ဆိုဂျီဆပ်နှင့် ဆွန်ရီဂျင်တို့သည် လွန်ခဲ့သော ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့သော Delicious Proposal ဟု အမည် ရသည့် ဒရာမာဇာတ်လမ်းတွဲ၌ အတူတွဲ၍ သရုပ်ဆောင်ခဲ့ဖူးသည်။

I’m on My Way to Meet You ရုပ်ရှင်ကို လာမည့် ၂၀၁၈ခုနှစ်ထဲတွင် ရုံတင်ပြသသွားနိုင်ရန် စီစဉ်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required