၃ ဘာသာဂုဏ်ထူးရှင် ကျောင်းသား နေအိမ်တွင်း ရေတက်နေစဉ် ဓါတ်လိုက်သေဆုံး

၃ ဘာသာဂုဏ်ထူးရှင် ကျောင်းသား နေအိမ်တွင်း ရေတက်နေစဉ် ဓါတ်လိုက်သေဆုံး

  

ဖြူး သြဂုတ်၃၁ ။                  ။ ၃ ဘာသာဂုဏ်ထူးရှင် ကျောင်းသားတစ်ဦး နေအိမ်တွင်း ရေတက်နေစဉ် ဓါတ်လိုက်သေဆုံးမှုတစ်ခု ဖြူးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇေယျဝတီမြို့၊ မြို့မ ၂ ရပ်ကွက် သီရိမင်္ဂလာ ၁ လမ်းနေ မောင်သူရကျော်ဝင်း(၁၇)နှစ်သည် သြဂုတ်လ ၃၀ ရက် ညနေ ၅ နာရီအချိန် ရေချိုးရန်  ရေမော်တာ ခလုတ်ကို ဖွင့်လိုက်စဉ် ဝါယာကြိုးပေါက်အားလက်ဖြင့် ထိမိ၍ နေအိမ်ခြံဝင်းအတွင်း ဓါတ်လိုက်သေဆုံးခဲ့ကြောင်းသိရသည်။

ယမန်နေ့က မိုးရွာသွန်းမှုများပြီး ခြံအတွင်း ရေ ၁ ပေခန့် တက်နေကြောင်း သိရသည်။ သေဆုံးသူသည် ရေထဲမှ ဆင်းပြီး မော်တာခလုပ်ဖွင့်ရာ မီးကြိုး ပေါက်ပြဲနေပြီး လူနှင့်ထိပြီး ဓါတ်လိုက်ခြင်းဖြစ်၍ ချက်ချင်းသေဆုံးသွားခြင်းဖြစ်သည်။

ယခုသေဆုံးသူသည် ၂၀၁၆/၁၇ တက္ကသိုလ်ဝင်တန်း၌ ဂုဏ်ထူး ၃ဘာသာ ဖြင့် အောင်မြင်ခဲ့ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly