တက္ကဆက်ပြည်နယ်ရေလွှမ်းမိုးမှုတွင် အကူအညီပေးခဲ့သော မက္ကစီကိုအား အမေရိကန်ကျေးဇူးတင်

တက္ကဆက်ပြည်နယ်ရေလွှမ်းမိုးမှုတွင် အကူအညီပေးခဲ့သော မက္ကစီကိုအား အမေရိကန်ကျေးဇူးတင်

 

ဝါရှင်တန်၊ သြဂုတ် ၃၁ ။              ။ နိုင်ငံတောင်ပိုင်းတွင် တံတိုင်းကြီးတည်ဆောက်မည့် အမေရိကန်တို့၏ ရှုပ်ထွေးသောအစီအစဉ်များနှင့် ပက်သက်ပြီး မကျေနပ်ချက်များကို ဘေးဖယ်ထားကာ တက္ကဆက်ပြည်နယ်ရေလွှမ်းမိုးမှုအတွက် အကူအညီ ပေးခဲ့သော မက္ကစီကိုနိုင်ငံအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ကျေးဇူးတင်ရှိကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

မက္ကစီကိုနိုင်ငံခြားရေးဝန်ကြီး လုဇ်ဗီဒီဂါရေးနှင့်အတူ ကုန်သွယ်ရေးနှင့် လုံခြုံရေးတို့အတွက် ဆွေးနွေးပွဲပြုလုပ် ခဲ့စဉ်တွင် တေလာဆန်က အကူအညီများအတွက် ကျေးဇူးတင်ကြောင်း ယခုလိုပြောခဲ့ခြင်းဖြစ်သည်။

“တက္ကဆက်ပြည်နယ်အတွက် ပေးအပ်ထားတဲ့ အကူအညီတွေအတွက် မက္ကစီကိုအစိုးရကို ကျေးဇူးတင် ကြောင်း ကျနော်ပြောချင်ပါတယ်။ သူတို့ဟာ တက္ကဆက်ပြည်နယ်အစိုးရအဖွဲ့နဲ့   ပြည်ထောင်စုအရေးပေါ်စီမံ ခန့်ခွဲရေးအဖွဲ့တို့နဲ့အတူ ပူးပေါင်းပြီး အကူအညီအများကြီး ပေးထားခဲ့ပါတယ်” ဟု တက္ကဆက်ပြည်နယ်သား တစ်ဦးဖြစ်သူ တေလာဆန်က ပြောခဲ့သည်။

ဆက်လက်ပြီး “တက္ကဆက်မှာရှိတဲ့ ပြည်သူတွေဟာ ခက်ခဲတဲ့ကာလတစ်ခုကို ရင်ဆိုင်နေရတဲ့အချိန်မှာ မက္ကစီကိုအစိုးရအနေနဲ့ အခုလိုအကူအညီပေးခဲ့တာဟာ သူတို့ရဲ့စေတနာကြီးမားကြောင်း ထင်ရှားပါတယ်” ဟု တေလာဆန်က ပြောခဲ့ချိန်တွင် ဗီဒီဂါရေးက “ရပါတယ်ဗျာ” ဟု ရည်ရည်မွန်မွန်နှင့် ပြန်လည်ဖြေကြားခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်တောင်ပိုင်းနယ်စပ်တွင် တံတိုင်းကြီးတည်ဆောက်မည်ဖြစ်ပြီး ကျသင့်ငွေ ကို မက္ကစီကိုဘက်မှလည်း စိုက်ထုတ်ရမည်ဟု ပြောဆိုခဲ့ဖူးသောကြောင့် ဝါရှင်တန်အစိုးရနှင့် မက္ကစီကိုအစိုးရ ကြားရှိ ဆက်ဆံရေးသည် တင်းမာနေခဲ့ရသည်။

မက္ကစီကိုဘက်မှ ခေါင်းဆောင်များက ထိုလုပ်ဆောင်ချက်ကို သူတို့ဘက်မှလုံး၀ လိုက်နာသွားမည်မဟုတ် ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ကြသောကြောင့် တင်းမာမှုများ မြင့်တက်လာခဲ့သော်လည်း ဗီဒီဂါရေးနှင့် သူ၏ဝန်ကြီး ဌာနမှ လုပ်ဖော်ကိုင်ဖက်များသည် ဝါရှင်တန်သို့ မကြာခဏလာရောက်ကာ ကုန်သွယ်ရေးနှင့် မှုခင်းကိစ္စများ အတွက် အပြန်အလှန်ဆွေးနွေးလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required