အနီကတ်ပြခံရသည့် ကော့တွိုက်စ်အတွက် ချယ်လ်ဆီးအသင်း၏အယူခံ ပယ်ချခံရ

အနီကတ်ပြခံရသည့် ကော့တွိုက်စ်အတွက် ချယ်လ်ဆီးအသင်း၏အယူခံ ပယ်ချခံရ

သြဂုတ် ၁၂၊ လန်ဒန် ။         ။ ဆွမ်ဆီးနှင့် နှစ်ဂိုးစီသရေကျသည့်ပွဲတွင် အနီကတ်ပြခံရသော ဂိုးသမား ကော့တွိုက်စ်အတွက် ချယ်လ်ဆီးအသင်းကအယူခံဝင်ခဲ့သော်လည်း ပယ်ချခံရသောကြောင့် မန်စီးတီးနှင့်ပွဲကိုလွဲချော်ရမည်ဖြစ်သည်။

စနေနေ့ကယှဉ်ပြိုင်ကစားသောပွဲတွင် အသက် ၂၃ နှစ်အရွယ်ရှိဘယ်လ်ဂျီယံလက်ရွေးစင် ကော့တွိုက်စ်သည် ဆွမ်ဆီးတိုက်စစ်မှူး ဂိုမစ်ကို ဖျက်ထုတ်ခဲ့သောကြောင့် အနီကတ်ပြခံခဲ့ရခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းအနေဖြင့် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာ အမှားကျူးလွန်ကြောင်း ခိုင်လုံအောင်သက်သေပြနိုင်ခြင်းမရှိဟု အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့သည်။

သို့ဖြစ်ရာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းသို့ရောက်လာခဲ့သည့် ဘီဂိုဗစ်သည် မန်စီးတီးနှင့်ပွဲတွင် ပွဲထွက်ပါဝင် ကစားရဖွယ် ရှိနေသည်။

ကော့တွိုက်စ်ထုတ်ပယ်ခံရခြင်းနှင့်ပတ်သက်ပြီး ပွဲအပြီးတွင် ချယ်လ်ဆီးနည်းပြမော်ရင်ဟိုက မှတ်ချက်ပေးရန် ငြင်းဆန်ထားခဲ့သည်။ ပရီးမီး ယားလိဂ် လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းသည် ဒုတိယဆုရ မန်စီးတီးနှင့် တနင်္ဂနွေတွင် အီတီဟတ်ကွင်း၌ ကစားရမည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly