Huawei ရဲ့ Leica Dual Camera နဲ့ လုပ်လို့ရတာလေးတွေ

Huawei ရဲ့ Leica Dual Camera နဲ့ လုပ်လို့ရတာလေးတွေ

စမတ်ဖုန်းဆိုတာ အိတ်ကပ်ထဲမှာ ရှိနေတဲ့ စွယ်စုံသုံးပစ္စည်းလေးတစ်ခုပါပဲ။ အဲ့ဒီစမတ်ဖုန်းမှာ ပါဝင်နေတဲ့ ဖုန်းပြောတဲ့ Feature ဟာဆိုရင် အသုံးအနည်းဆုံး Feature တစ်ခုဖြစ်နေပြီလားလို့တောင် ထင်ရပါတယ်။ ဖုန်းမှာပါဝင်တဲ့ကင်မရာဟာ တဖြည်းဖြည်းနဲ့ အသုံးအများဆုံးအရာတစ်ခုဖြစ်လာပါတယ်။ ဒါဟာ ဘာကို ဆိုလိုနေသလဲဆိုရင် ကျွန်တော်တို့ရဲ့ နောက်ထပ် စမတ်ဖုန်းတွေဟာ တော်ရုံကောင်းရုံနဲ့ မလုံလောက်တော့ပါဘူး။ အင်မတန်ကောင်းမွန်တဲ့ ကင်မရာ ပါဝင်ခြင်း ရှိမရှိဆိုတာဟာ အတော်လေး အရေးပါနေပြီ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် Huawei မှာ Leica Dual Camera တွေ ပါဝင်လာခြင်း ဖြစ်ပါတယ်။ Dual Camera (ကင်မရာနှစ်လုံး) လို့ ဆိုတဲ့နေရာမှာ ဒုတိယ မှန်ဘီလူး (ဒုတိယ ကင်မရာ) ဟာ နာမည်ကြီးချင်ရုံသက်သက်ထည့်ထားတာ မဟုတ်ပါဘူး။ သူ ပါဝင်လာခြင်းဟာဆိုရင် စမတ်ဖုန်းတစ်ခုမှာ ဖြစ်နိုင်တယ်ဆိုတာထက်ပိုတဲ့ ဓာတ်ပုံ ပုံရိပ်တွေကို ပေးစွမ်းနိုင်ဖို့ ဖြစ်ပါတယ်။

HUAWEI P9၊ HUAWEI Mate 9 နဲ့ အသစ်ထွက်ထားတဲ့ HUAWEI P10 တို့ဟာဆိုရင် မိတ်ဆွေတို့ အသုံးပြုနေတဲ့ အလွယ်တကူ သယ်ယူလို့ရတဲ့ ကင်မရာတွေ နေရာမှာ အစားထိုးရုံတင်မကပါဘူး။ DSLR ကင်မရာအမျိုးအစားနောက်ကိုပါ လိုက်လာနေပြီ ဖြစ်ပါတယ်။ ဒီအတွက် သက်သေပြစရာအထောက်အထားများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Leica Dual Camera ရဲ့ အားသာချက်များ

Dual Camera (ပူးတွဲကင်မရာနှစ်လုံး) ဟာဆိုရင် ကင်မရာတစ်လုံး (မှန်ဘီလူးတစ်လုံး) တွေနဲ့ ယှဉ်ရင် လူစိတ်ဝင်စားမှုများအောင်ထက် အခြားအကြောင်းပြချက်များစွာ ရှိနေပါသေးတယ်။ အကြီးမားဆုံးအချက်က အလင်းရောင်ပဲ ဖြစ်ပါတယ်။ ဒုတိယ sensor ပါဝင်တဲ့ ဒုတိယ lens (မှန်ဘီလူး) ဟာဆိုရင် အလင်းရောင်ကို ခပ်များများယူပြီး အသေးစိတ်ပုံရိပ်တွေကို ဖမ်းယူနိုင်စွမ်း ရှိပါတယ်။

အဓိက အားသာချက်ကတော့ HUAWEI P10 ကင်မရာရဲ့ f/2.2 aperture မှန်ဘီလူး၊ HUAWEI P10 Plus ရဲ့ ပိုကြီးတဲ့ f/1.8 မှန်ဘီလူးတွေဟာ ညအချိန် သို့မဟုတ် Indoor ရိုက်တဲ့အခါတွေမှာ ပိုပြီးတော့ အသေးစိတ်ကျတဲ့ ရိုက်ချက်များကို ပေးစွမ်းနိုင်ခြင်း ဖြစ်ပါတယ်။ ဒါဟာ Huawei ရဲ့ Leica ကင်မရာအနေနဲ့ အလင်းရောင်နဲ့ အချက်အလက်များကို ဘယ်လိုပိုပြီးတော့ အသုံးချနိုင်တယ်ဆိုတဲ့ ထူးခြားတဲ့အချက် ဖြစ်ပါတယ်။

မှန်ဘီလူး နှစ်ခုထဲက တစ်ခုဟာ တကယ့်လက်တွေ့ ကာလာကို ဖမ်းယူနေချိန်မှာ နောက်ထပ် မှန်ဘီလူးတစ်ခုက အဖြူအမဲ ကာလာနဲ့ အသေးစိတ်ကို ဂရုတစိုက်ရယူပေးပါတယ်။ Huawei ရဲ့ ပုံနှစ်ပုံ ပူးပေါင်းပေးတဲ့ ဉာဏ်ရည်မြင့်နည်းပညာကြောင့် ရရှိလာတဲ့ ဓာတ်ပုံတွေဟာဆိုရင် ဈေးကွက်ထဲမှာရှိနေတဲ့ အခြားသော ဖုန်းများရဲ့ ရလဒ်များထက် ပိုပြီး အသေးစိတ်ကျတယ်။ နက်နက်နဲနဲ မြင်ရတယ်။ ပိုပြီးတော့ အနုပညာဆန်ဆန်ရရှိပါတယ်။

လုပ်ဆောင်ချက်ကလည်း အင်မတန်မြန်ဆန်ပါတယ်။ Dual-core ISP ပါဝင်တာကြောင့် အငြိမ် (Still) ဓာတ်ပုံနှစ်ပုံကို တစ်ပုံတည်းဖြစ်အောင်ပေါင်းပြီး တကယ့် ဘဝလက်တွေ့က ပုံရိပ်လို ရရှိခံစားစေပါတယ်။ Leica ရဲ့ အဆင့်မြင့် ကင်မရာ မှန်ဘီလူးနဲ့ ဓါတ်ပုံ နည်းပညာတို့ ပေါင်းစပ်မှုကြောင့် ရရှိလာတဲ့ ရလဒ်ဟာလည်း နွေးနွေးထွေးထွေးရှိပြီး တော်ဝင်ဆန်ဆန် ကျန်ရှိနေမှာ ဖြစ်ပါတယ်။

Huawei ရဲ့ Leica dual camera ဟာဆိုရင် မှန်ဘီလူးအသစ်ပါဝင်လာရုံ မဟုတ်ပါဘူး။ သူပါဝင်လာခြင်းက အကောင်းဆုံး စမတ်ဖုန်းကင်မရာ ဖြစ်အောင် Feature ပေါင်းမြောက်များစွာကို သယ်ဆောင်လာပေးခြင်းလည်း ဖြစ်ပါတယ်။

ပြတ်သားမှုနဲ့ လှုပ်ရှားပုံရိပ်များအတွက် ထည့်သွင်းပေးထားတဲ့ Hybrid Focus

သမရိုးကျအတိုင်းဆိုရင် ကင်မရာတစ်လုံးရဲ့ Focus က နည်းပညာ နှစ်ခုထဲက တစ်ခုပဲ သုံးပါတယ်။ Contrast သို့မဟုတ် Phase detection ကိုသာ အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ Huawei ရဲ့ Leica dual camera တွေမှာဆိုရင်တော့ Hybrid Focus နည်းပညာကို အသုံးပြုထားပြီး focus နည်းပညာ နှစ်ခုစလုံးကို ပေါင်းစပ်အသုံးပြုထားခြင်း ဖြစ်ပါတယ်။ 4 in 1 Hybrid focus နည်းပညာကြောင့် အသုံးပြုသူဟာဆိုရင် ပိုပြီးတော့ မြန်ဆန်တိကျတဲ့ ပုံရိပ်များကို ဘယ်အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ရအောင် ဖန်တီးပေးနိုင်ပါတယ်။

ယခုလို ပေါင်းစပ်ထားမှုကြောင့် ကင်မရာဟာ focus လုပ်တဲ့အခါ ပိုမြန်တယ်။ ပိုပြီးတော့ တိကျတယ်။ ပြီးတော့ ပိုပြီးတော့လည်း တည်ငြိမ်တဲ့ ပုံရိပ်ကို ရရှိစေပါတယ်။ ဒါကြောင့်မို့ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် ပုံရိပ်ကောင်းကောင်းတွေကို ဆုံးရှုံးသွားမှာ မဟုတ်ပါဘူး။ အလင်းရောင်နည်းနေတဲ့ အချိန်မှာတောင် focus ဟာ ပြတ်သားပြီး မြန်ဆန်နေအုံးမှာ ဖြစ်ပါတယ်။ အရည်အသွေးကောင်း ပုံရိပ်ကို အလင်းရောင်နည်းချိန်မှာဖမ်းယူဖို့အတွက် သေးငယ်တဲ့ aperture သို့မဟုတ် digital zoom တို့နဲ့ မရနိုင်ပေမယ့် Huawei ရဲ့ camera zoom နဲ့ ကျိန်းသေရရှိမှာ ဖြစ်ပါတယ်။

Hybrid Zoom ဟာဆိုရင် အသုံးပြုသူအနေနဲ့ zoom ဆွဲနေချိန်တောင် အင်မတန် မြင့်မားတဲ့ ပြတ်သားမှုကို ထိန်းထားပေးနိုင်ပါတယ်။ အခြားကင်မရာဖုန်းအများစုမှာဆိုရင် digital zoom ကို အသုံးပြုပြီး Zoom ဆွဲတဲ့အခါ စုစည်းပေးရတဲ့ အချက်အလက်များလာတာကြောင့် ပြတ်သားမှုတွေ လျော့နည်းလာစေပါတယ်။ ဒါပေမယ့် Huawei ရဲ့ Dual sensor၊ Hybrid Zoom ဟာဆိုရင်တော့ Optical zoom ကင်မရာများနဲ့ တန်းတူ တူညီမှု ရှိနေပါတယ်။ Huawei ရဲ့ ကင်မရာ zoom ဟာဆိုရင် 1.1x သို့မဟုတ် 1.9x တို့လို zoom limit ရဲ့ ကြားအတွင်းမှာဆိုရင်လည်း ကောင်းကောင်းအလုပ်လုပ်နိုင်ပြီး အခြား ဖုန်းကင်မရာတွေကတော့ သတ်မှတ်ထားတဲ့ zoom level တွေမှာသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် Huawei ရဲ့ Leica Dual Camera ဟာ ချောမွတ်၊ကြည်လင်ပြီး ရိုးရှင်းတဲ့ Portrait ဓာတ်ပုံများကို ပေးစွမ်းနိုင်ပါတယ်။

ထူးခြားတဲ့ ဓာတ်ပုံများရရှိစေတဲ့ Bokeh Effect

Bokeh effect ဟာ ဆိုရင်လည်း အရည်အသွေးကောင်းတဲ့ ကင်မရာတစ်ခုရဲ့ လက္ခဏာ အင်္ဂါရပ်တစ်ခုလည်း ဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ element တွေကို ဝါးသွားအောင် လုပ်လိုက်တာမျိုးဟာ ဒရာမာ ကျကျ ဓာတ်ပုံအဖြစ် ပြောင်းလဲသွားစေနိုင်ပြီး အဲ့လို လုပ်နိုင်တာဟာ ဈေးကြီးပြီး ပရော်ဖက်ရှင်နယ်အဆင့်ကင်မရာတွေမှာသာ ပါဝင်လေ့ ရှိခဲ့ ပါတယ်။ အခုတော့ အဲ့လိုမဟုတ်တော့ပါဘူး။ Huawei ရဲ့ Dual Camera ပါဝင်တဲ့ သင့်လက်ထဲက ဖုန်းနဲ့ဆိုရင် အဲ့ဒီလို ပုံရိပ်တွေကို ရိုက်ကူးနိုင်နေပြီ ဖြစ်ပါတယ်။

Leica ရဲ့ Dual ကင်မရာကြောင့် Bokeh effect နဲ့ ပုံရိပ်များကို ဖမ်းယူတဲ့အခါမှာ အကွာအဝေး အတိမ်အနက်အမျိုးမျိုးကို ဖမ်းယူနိုင်ပါပြီ။ Huawei ရဲ့ စမတ်ဖုန်း ကင်မရာဟာ ဆိုရင် ပုံထဲက subject တစ်ခုတိုင်းရဲ့ အတိမ်အနက် အချက်အလက်ကို ဖမ်းယူနိုင်ပါတယ်။ အရာဝတ္ထုတိုင်းရဲ့ သက်ဆိုင်ရာ နေရာတွေအပေါ်မှာ မူတည်ပြီးတော့ ပုံရိပ်ကို တွက်ချက်ဖန်တီးပေးပြီး focus အလိုက် သဘာဝကျကျအတိုင်းပေါ်အောင် ဖန်တီးပေးနိုင် ပါတယ်။

အဲ့လိုရိုက်ကူးဖို့အတွက် Bokeh (wide aperture) mode ကို အရင်ဆုံး ဝင်ရောက်ဖိုှ့ လိုအပ်ပါတယ်။ အဲ့ဒီအတွက် ဖန်သားပြင်ပေါ်မှာ တစ်ချက်ထောက်ရုံပါပဲ။ ပြီးရင် မိမိလိုချင်တဲ့ အရာဝတ္ထုမှာ နေရာမှန်မှန်ချိန်ပါ။ tap ထောက်၊ focus ပေးပြီးတော့ ရိုက်လိုက်ပါ။ Bokeh effect ပါတဲ့ ပုံရိပ်တစ်ခု ရရှိပါပြီ။

ရိုက်ထားတဲ့ ဓာတ်ပုံကို ပြန်ကြည့်ပြီး လိုအပ်ရင် editing mode ကို ဝင်ပြီး မိမိရိုက်ထားတဲ့ Bokeh level ကိုမကြိုက်သေးရင်တောင် ပြင်လို့ရပါသေးတယ်။ အတိမ်အနက်ကို ကစားချင်တာပဲဖြစ်ဖြစ် အရာဝတ္ထုကို ပြောင်းချင်တာပဲ ဖြစ်ဖြစ် လွယ်တကူ ပြုလုပ်လို့ ရပါတယ်။

Monochrome (အဖြူအမည်း) ကြောင့် ပုံရိပ်ကို ပိုထူးခြားစေ

ဒုတိယ ပါဝင်တဲ့ မှန်ဘီလူးဟာဆိုရင် Monochrome မှန်ဘီလူးဖြစ်ပြီး သူဟာဆိုရင်လည်း ကာလာဓာတ်ပုံ အရည်အသွေးကောင်းဖို့ ထောက်ပံ့ဖို့အတွက်သာ ပါဝင်ခြင်း မဟုတ်ပါဘူး။ သူ့ကို အဓိကအနေနဲ့ အသုံးပြုပြီး ရိုက်ကူးရင်တော့ အဖြူအမဲ ဂန္ဓဝင်ဆန်ဆန် ဓာတ်ပုံများကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အခြား ဖုန်းကင်မရာတွေဟာ ရိုက်ပြီးသား ကာလာ ဓာတ်ပုံတွေကို အဖြူအမဲဖြစ်အာင် ပြင်နေချိန် Huawei ရဲ့ Leica dual camera ကတော့ Monochrome ပုံရိပ်ကို တစ်ခါတည်းရရှိစေမှာ ဖြစ်ပါတယ်။

ပုံရိပ်ထဲမှာ စတိုင်နဲ့ class ကို ထည့်သွင်းမှုအပြင် monochrome ပုံရိပ်များဟာဆိုရင် ရှေးကျကျ vintage ဆန်ဆန်ကနေ မရိုးနိုင်တဲ့ သက်ရောက်မှု ပြင်းထန်တဲ့ ပုံစံအထိ ပေးစွမ်းနိုင်ပါတယ်။ monochrome ဓာတ်ပုံရိုက်ဖို့အတွက် ဖုန်းကင်မရာထဲက monochrome mode ကိုရွေးချယ်ပြီးတော့ ရိုက်ကူးလိုက်ရုံပဲ ဖြစ်ပါတယ်။

Monochrome မှန်ဘီလူး သီးသန့် ပါဝင်ခြင်းက အခြား စမတ်ဖုန်းကင်မရာများထက် ပုံရိပ်ကို ဖမ်းယူတဲ့အခါမှာ ပိုမိုတိကျတဲ့ အသေးစိတ်နဲ့ tone အနက်ကို ရရှိစေမှာ ဖြစ်ပါတယ်။ သာမန် ဖုန်းကင်မရာတွေမှာဆိုရင်တော့ ရိုက်ကူးပြီး ကာလာပုံကို ပြန်ပြင်ရင် shade တွေ၊ Shadow တွေ ပျောက်ဆုံးသွားတတ်ပါတယ်။

ပရော်ဖက်ရှင်ကင်မရာ mode နဲ့ ထပ်လောင်းရရှိမှု

တစ်ခါတစ်လေကျရင် သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းတွေကြားမှာ ရိုက်ကူးနေရခြင်းဟာ မလုံလောက်ပါဘူး။ ဒါကြောင့်မို့ တစ်ချိန်ချိန်မှာတော့ မိတ်ဆွေတို့၊ ကျွန်တော်တို့ဟာ ကိုယ်ပိုင်စတိုင်လ် ကိုယ်ပိုင်ချိန်ဆမှုုနဲ့လည်း ရိုက်ကူးချင်ကြပါသေးတယ်။ ဒီအတွက် Huawei ရဲ့ Leica dual camera မှာ pro mode ထည့်သွင်းထားပြီး မိမိလိုအပ်သလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Leica သဏ္ဍာန် ရလဒ်လိုမဟုတ်ဘဲ ကိုယ်ပိုင်ဖန်တီးမှုတွေကို ဖန်တီးချင်တယ်ဆိုရင်လည်း တကယ့်လက်တွေအပြင်က ပုံရိပ်အတိုင်းရရှိစေပြီး သာမန် စမတ်ဖုန်း ကင်မရာတွေမှာတော့ သူတို့ သတ်မှတ်ထားတဲ့ seaturation level တွေကြောင့် ရရှိနိုင်မှာ မဟုတ်ပါဘူး။ Pro mode နဲ့ အလင်းရောင်ကို ကြိုက်သလောက် ချိန်ဆ အသုံးပြနိုင်ပါတယ်။

HUAWEI P9၊ HUAWEI MATE9၊ HUAWEI P10 တို့ရဲ့ Professional camera mode နဲ့ ISO ချိန်ညှိတာ၊ White balance ချိန်ညှိတာနဲ့ ကိုယ်တိုင် လုပ်ယူတဲ့ manual focus point များကို ရရှိစေပါတယ်။ နောက်ထပ်ထူးခြားချက်က Horizontal level option ပါရှိပြီး သူ့ကို အသုံးပြုပြီးတော့ အမြဲတမ်း ဖြောင့်တန်းနေတဲ့ ပုံရိပ်ကိုရရှိနိုင်မှာ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းထဲက ဓာတ်ပုံကို ပြုပြင်ဖု့ိအတွက် Option များစွာ ပါဝင်နေသည့်တိုင် ပုံကို RAW file အနေနဲ့ ရိုက်ကူးပြီး ပြန်ထုတ်ယူကာ ကွန်ပြူတာထဲ ထည့်ပြီး ပြင်ချင်တယ်ဆိုရင်လည်း ရနိုင်ပါသေးတယ်။ compressed မလုပ်ထားတဲ့ RAW file ကြောင့် Photoshop တို့လို ဆော့ဖ်ဝဲမှာ ပြင်တဲ့အခါပဲ ဖြစ်ဖြစ် ပိုစတာ ထုတ်တဲ့အခါပဲ ဖြစ်ဖြစ် သေးငယ်တဲ့ pixel လေးများက အစ ပျက်ဆီးမသွားနိုင်ပါဘူး။

HUAWEI P10 မှာ ပါဝင်တဲ့ Leica Dual-Camera 2.0 နဲ့ HUAWEI P10 Plus မှာ ပါဝင်တဲ့ Leica Dual-Camera Pro 2.0 Edition တို့မှာဆိုရင် အသစ်ထပ်လောင်း ပါဝင်မှု ရှိပါသေးတယ်။ ယင်းကတော့ Portrait mode ဖြစ်ပြီး လူပုံ ရိုက်ကူးတဲ့အခါ ပိုပြီးတော့ သဘာဝကျကျ ပုံရိပ်ကို ရရှိစေမှာ ဖြစ်ပါတယ်။ မြန်ဆန်တဲ့ illumination နည်းပညာကြောင့် ပရော်ဖက်ရှင်နယ် စတူဒီယိုထဲမှာ ရိုက်ကူးသလို၊ အလင်းရောင်ချိန်ညှိခြင်း၊ beautifying effect များ ပါဝင်လာစေပါတယ်။ ဒါကြောင့် Portrait ကို ရိုက်ကူးတဲ့အခါ အတိမ်အနက်တိကျပြီး ပြတ်ပြတ်သားသား၊ ကြည်ကြည်လင်လင်နဲ့  အရောင်တောက်စေပါတယ်။

သင်ဓာတ်ပုံကို Leica ပုံစံပေးစွမ်းနိုင်

ဒါတွေတင်မကသေးပါဘူး။ Huawei ရဲ့ Leica Dual Camera နဲ့ဆိုရင် Leica film mode နဲ့ Leica ဆန်ဆန် ပုံရိပ်များ ရရှိစေပါတယ်။ ပုံကို ပြန်ပြီးတော့ ညှိတဲ့ အခါမှာလဲ Standard၊ Vivid နဲ့ Smooth အစရှိသဖြင့် ရွေးချယ်စရာ mode များစွာ ပါဝင်နေပါသေးတယ်။

ကင်မရာ Main screen ကနေဝင်ပြီး ရိုက်ကူးကာ မိမိရဲ ရိုက်ကူးမှုများကို Luxury ကျကျ သာမန်ဖုန်းကင်မရာရဲ့ ဓာတ်ပုံများနဲ့ မတူအောင် ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ HUAWEI P10 နဲ့ HUAWEI P10 PLUS တို့ရဲ့ ကမ္ဘာ့ပထမဆုံး 8MP Leica အရှေ့ကင်မရာနဲ့ Selfie ဓာတ်ပုံများကိုလည်း Leica ဓာတ်ပုံ စတိုင်နဲ့ ရိုက်ကူးနိုင်အုံးမှာ ဖြစ်ပါတယ်။ sensor အသစ်များကြောင့် ပုံရိပ်ကို ရိုက်ကူးတဲ့အခါ အလင်းရောင် များများ ဖမ်းယူနိုင်ပြီး Selfie ဓာတ်ပုံ အရည်အသွေးကို အဆင့်မြှင့်တင်ပေးနိုင်ပါတယ်။ Selfie မှာ နောက်ထူးခြားချက်ကတော့ Group shot ဖြစ်ပြီး ပုံရိပ်ထဲမှာ ပါဝင်တဲ့ လူ ၂ယောက်ထက် ပိုလာတဲ့အခါ regular ကနေ wide angle mode ကို အလိုအလျောက် ပြောင်းလဲပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။

 ###

Huawei Consumer Business Group ဆိုသည်မှာ

Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၁၇၀ကျော်တွင် ရရှိလျက်ရှိပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံက သုံးစွဲလျက်ရှိသည်။ ၂၀၁၆ခုနှစ်တွင် စမတ်ဖုန်းတင်ပို့မှု၌ တတိယနေရာသို့ ရောက်ရှိခဲ့သည်။ အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့တွင် သုတေသနစင်တာပေါင်း (၁၅)ခုကို တည်ထောင်ထားပါသည်။ Huawei Consumer လုပ်ငန်းစုသည် Huawei ၏ လုပ်ငန်းစုကြီး သုံးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စမတ်ဖုန်း (Smartphones)၊ ကွန်ပြူတာနှင့် တက်ဘလက်များ (PC and tablets)၊ ဝတ်ဆင်နိုင်သော ကိရိယာများ (Wearables)၊ ကြိုးမဲ့အင်တာနက်ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ (Mobile Broadband Devices)၊ အိမ်သုံးထုတ်ကုန် (Family Device) နှင့် အင်တာနက်သိုလှောင်ခြင်း ဝန်ဆောင်မှုထုတ်ကုန်များ (Device Cloud Service) တို့ကို ထုတ်လုပ်လျက်ရှိသည်။ Huawei ၏ ကမ္ဘာ့ဆက်သွယ်ရေးကွန်ယက်ကို တယ်လီကွန်းနယ်ပယ်တွင် နှစ် ၃၀ သက်တမ်းရှိ ကျွမ်းကျင်မှုဖြင့် တည်ဆောက်ထားသည်။ Huawei Consumer BG သည် သုံးစွဲသူများကို နောက်ဆုံးပေါ် နည်းပညာများဖြန့်ဝေပေးရန်အတွက် နှစ်မြှုပ်ထားပါသည်။

 

ထပ်မံသိရှိလိုပါက -

Huawei Mobile Myanmar Facebook Page - https://www.facebook.com/HuaweiDeviceMyanmar

Website - http://consumer.huawei.com/mm

Instagram - https://www.instagram.com/huaweidevicemyanmar

Hotline: 01-9000900

 

Public Relations ဆက်သွယ်ရန်

Huawei Technologies (Yangon) Co., Ltd

မေဘရဏီဇော်

PR Manager

Device Business Department

[email protected]

09-799610280

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags