မန်စီးတီးအသင်းမှ ဆန်းချက်ဇ်အတွက် ပေါင်သန်း (၅၀) ဖြင့် ကမ်းလှမ်းမှု အာဆင်နယ် ပယ်ချ

မန်စီးတီးအသင်းမှ ဆန်းချက်ဇ်အတွက် ပေါင်သန်း (၅၀) ဖြင့် ကမ်းလှမ်းမှု အာဆင်နယ် ပယ်ချ
(ဓာတ်ပုံ - အီးပီအေ)

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာစီးတီးမှ တိုက်စစ်မှူး ဆန်းချက်ဇ်အတွက် ပေါင်သန်း ၅၀ ဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၂၄ ဂိုးအထိ သွင်းယူခဲ့ပြီး လာမယ့် နွေရာသီမှာ ၎င်းရဲ့ စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ သူဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာအတွက် ကစားပေးလိုတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ ဆန်းချက်ဇ်အတွက် ကမ်းလှမ်းလာမှု အားလုံးကို ငြင်းပယ်နေပြီး ကြာသပတေးနေ့ရဲ့ အပြောင်းအရွှေ့နောက်ဆုံး ပိတ်ရက်မတိုင်မီ ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့တစိတ်တပိုင်းအနေဖြစ် စီးတီးရဲ့ စတာလင်ကို အာဆင်နယ်က အလိုရှိနေပါတယ်။

ဒါပေမယ့် ဂွာဒီယိုလာဟာ ကစားသမား အလိုက်ပေးမပါဘဲ ဆန်းချက်ဇ်ကို တိုက်ရိုက်ခေါ်ယူဖို့ အလိုရှိတယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်သာရှိသေးတဲ့ အင်္ဂလန်တိုက်စစ်မှူး စတာလင်ဟာ ဒီရာသီ စီးတီးအတွက် ၃ ပွဲကစားထားခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီနွေရာသီမှာ မိုနာကိုမှ ဘာနာဒိုဆေးလ်ဗား ရောက်ရှိလာခဲ့တာကြောင့် အီးဟတ်မှာ ပွဲထွက် နေရာတစ်ခုအတွက် အာမခံချက်ပေးမထားကြောင်း သိရပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required