ဆီးဂိမ်းစ်မှာ ရွှေတံဆိပ် (၇)ခုဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု အဆင့် (၇) နေရာတွင်သာ ရပ်တည်နိုင်ခဲ့တဲ့ မြန်မာအားကစားအဖွဲ့

ဆီးဂိမ်းစ်မှာ ရွှေတံဆိပ် (၇)ခုဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု အဆင့် (၇) နေရာတွင်သာ ရပ်တည်နိုင်ခဲ့တဲ့ မြန်မာအားကစားအဖွဲ့
(ဓာတ်ပုံ - KL2017)

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ၂၉ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော် (ဆီးဂိမ်းစ်)မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအားကစားအဖွဲ့အနေဖြင့် ပြိုင်ပွဲနောက်ဆုံးနေ့မတိုင်မီ ဆုတံဆိပ်ရရှိမှုဇယားမှာ ရွှေတံဆိပ် (၇)ခုသာရယူနိုင်ခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုမှာ အဆင့် (၇) နေရာတွင်သာ ရပ်တည်နိုင်ခဲ့ပါတယ်။

မြန်မာအားကစားအဖွဲ့ရဲ့ ဆုတံဆိပ်ရရှိမှုမှာ ကြေးတံဆိပ်သာ အများဆုံးရရှိခဲ့ပြီး ပြိုင်ပွဲအားလုံးအပြီးမှာတော့ ရွှေတံဆိပ် (၇)ခု၊ ငွေတံဆိပ် (၁၀)ခု၊ ကြေးတံဆိပ် (၂၀)ခုရရှိခဲ့ပြီး စုစုပေါင်း ဆုတံဆိပ် (၃၇) ခုသာရရှိခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၂၈ကြိမ်မြောက် စင်ကာပူဆီးဂိမ်းစ်မှာ ရရှိခဲ့တဲ့ ရွှေ (၁၂)၊ ငွေ (၂၆)၊ ကြေး (၃၁) စုစုပေါင်း စုစုပေါင်း (၆၉)ထက် ဆုတံဆိပ်အရေအတွက် ပိုမိုနည်းပါးခဲ့တယ်လို့ သိရပါတယ်။

ယခုပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့အတွက် ရွှေတံဆိပ်ဆုများအား ရိုးရာခြင်းလုံးပြိုင်ပွဲမှ ရွှေတံဆိပ် (၂)ခု၊ ဝူရှုးနန်ဒို(အမျိုးသား) ပြိုင်ပွဲမှာ သိန်းသန်းဦးက ရွှေ (၁)ခု၊ ဝူရှုးချန်ချွမ်(အမျိုးသမီး) ပြိုင်ပွဲမှာ မြတ်သက်စုဝေဖြိုးက ရွှေ (၁)ခု၊ လေပစ္စတို ၁၀မီတာအမျိုးသမီးပြိုင်ပွဲမှာ မေပိုးဝါက ရွှေ (၁)ခု၊ ပိုက်ကျော်ခြင်း-လေးယောက်တွဲ (အမျိုးသမီး)မှာ ရွှေ (၁)ခု၊ ပိုက်ကျော်ခြင်း-နှစ်ယောက်တွဲ(အမျိုးသား)မှာ ရွှေ (၁)ခုတို့ အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အားကစားနည်းအလိုက်ဆုတံဆိပ်ရရှိမှု

(ဓာတ်ပုံ - မြဝတီ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required