Billboard သီချင်းဇယားထိပ်ဆုံး၌ အချိန်အကြာဆုံးရပ်တည်နိုင်သည့် သီချင်းအဖြစ် ပူးတွဲစံချိန်တင်ခဲ့သည့် Despacito

Billboard သီချင်းဇယားထိပ်ဆုံး၌ အချိန်အကြာဆုံးရပ်တည်နိုင်သည့် သီချင်းအဖြစ် ပူးတွဲစံချိန်တင်ခဲ့သည့် Despacito

နွေရာသီပေါက်သီချင်းတစ်ပုဒ်ဖြစ်သော Despacito သီချင်းသည် Billboard ၏ အကောင်းဆုံးသီချင်း ၁၀၀ ဇယား၌ အချိန်အကြာဆုံးအဖြစ် ၁၆ ပတ်ခန့် ရပ်တည်နိုင်ခဲ့သော မာရီယာကာရေး၏ One Sweet Day သီချင်း စံချိန်ကို လိုက်မီသွားပြီဖြစ်သည်။

အောင်မြင်မှုများရရှိနေသော လုဇ်ဖွန်စီနှင့် ဒယ်ဒီယန်းကီးတို့၏ Despacito သီချင်းတွင် ဂျက်စတင်ဘီဘာက ပါဝင်အားဖြည့်ကာ သီဆိုထားသည်။ Boy II Men အဖွဲ့နှင့် ကာရေးတို့ ပူးတွဲသီဆိုထားသော One Sweet Day သီချင်းမှာ ၁၉၉၅ နှင့် ၁၉၉၆ ခုနှစ်များက အောင်မြင်ကျော်ကြားခဲ့သော သီချင်းတစ်ပုဒ်ဖြစ်သည်။ ယခုအခါတွင် ထိုသီချင်းတင်ရှိထားသော စံချိန်ကို Despacito သီချင်းကလိုက်မှီသွားပြီဖြစ်သည်။

ဒါ့အပြင် မူရင်း Despacito သီချင်းဗီဒီယိုသည် Youtube သမိုင်းတွင် ပထမဦးဆုံး ကြည့်ရှုမှုအကြိမ်ရေ သန်း ၃ထောင်ပြည့်သည့် သီချင်းဗီဒီယိုတစ်ခု ဖြစ်လာခဲ့သည်။

“ဒါဟာ လက်တင်ဂီတလောကအတွက်တော့ သမိုင်းဝင်တဲ့နေ့တစ်ရက်ပါပဲ။ ကျနော့်ရဲ့ပရိသတ်တွေကို သူတို့ရဲ့အားပေးမှုအတွက် အထူးပဲကျေးဇူးတင်ပါတယ်။ အခုတော့ အရမ်းနေလို့ကောင်းနေတယ်ဗျာ” ဟု ဖွန်စီက တနင်္လာနေ့၌ ပြောကြားခဲ့သည်။

Despacito သီချင်းသည် ပြီးခဲ့သောတနင်္ဂနွေနေ့က ကျင်းပခဲ့သော သီချင်းဗီဒီယိုဆုပေးပွဲတွင် အကောင်းဆုံး နွေရာသီသီချင်းဆုအတွက် စကာတင်စာရင်းထဲ၌ ပါဝင်ခဲ့သော်လည်း ဆုရရှိခြင်းမရှိဘဲ Lil Uzi Vert ၏ XO TOUR Llif3 သီချင်းကသာ ဆုရရှိသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required