တစ်ရက်အတွင်း လူကြည့်အများဆုံး သီချင်းဗီဒီယိုစံချိန်ကို ချိုးဖျက်ခဲ့သည့် တေလာဆွစ်၏ Look What You Made Me Do

တစ်ရက်အတွင်း လူကြည့်အများဆုံး သီချင်းဗီဒီယိုစံချိန်ကို ချိုးဖျက်ခဲ့သည့် တေလာဆွစ်၏ Look What You Made Me Do

တနင်္ဂနွေနေ့က ကျင်းပခဲ့သော MTV ဗီဒီယိုသီချင်းဆုပေးပွဲပြီးနောက်တွင် တစ်ကမ္ဘာလုံးသို့ဖြန့်ချီခဲ့သော တေလာဆွစ်၏ သီချင်းသစ် Look What You Made Me Do သည် တစ်ရက်အတွင်း လူကြည့်အများဆုံး သီချင်းဗီဒီယိုတစ်ခုအဖြစ် စံချိန်သစ်တင်နိုင်ခဲ့သည်။

အွန်လိုင်းပေါ်သို့ စတင်ထုတ်လွှင့်ခဲ့သည့် အချိန်မှစတင်၍ ၂၄နာရီအတွင်း ထိုသီချင်းသည် ကြည့်ရှုမှုအကြိမ်ရေ ၃၁သန်းကျော်ခန့် ရရှိခဲ့သည်။ ထို့ကြောင့် ကြည့်ရှုမှုအကြိမ်ရေ ၂၂သန်းခန့်ဖြင့် ၂၀၁၇ခုနှစ်၏ ၂၄နာရီအတွင်း လူကြည့်အများဆုံး စံချိန်တင်ထားသော ဂျက်စတင်ဘီဘာ ပါဝင်သီဆိုထားသည့် Despacito သီချင်း၏ စံချိန် ကို ကျော်ဖြတ်ခဲ့ယုံသာမက တစ်ရက်အတွင်း ကြည့်ရှုမှုအကြိမ်ရေ ၂၇ သန်းအထိရှိခဲ့သော အဒဲလ်၏ Hello သီချင်းစံချိန်ကိုပါ ရိုက်ချိုးပစ်နိုင်ခဲ့သည်။

ဒါ့အပြင် Look What You Made Me Do သီချင်းသည် Apple Music ၊ Spotify U.S၊ နှင့် Amazon Music သီချင်းဇယားတို့တွင် ထိပ်ဆုံးမှရပ်တည်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly