ကီတာကိုကလပ်စံချိန်တင်ကြေးဖြင့် သဘောတူညီမှုရပြီးနောက် ဗန်ဒိုက်နှင့် လီမာတို့ကိုလည်း လီဗာပူးလ် ခေါ်ယူလို

ကီတာကိုကလပ်စံချိန်တင်ကြေးဖြင့် သဘောတူညီမှုရပြီးနောက် ဗန်ဒိုက်နှင့် လီမာတို့ကိုလည်း လီဗာပူးလ် ခေါ်ယူလို

သြဂုတ် ၂၉၊ လီဗာပူးလ်။                ။ လီဗာပူးလ်အသင်းသည် နာဘီကီတာကို ကလပ်စံချိန်တင် ပေါင် ၅၅ သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှုရပြီးနောက် အသင်း သမိုင်းတစ်လျှောက်   ငွေကြေးအများဆုံး သုံးစွဲကာ ကစားသမားသစ်များထပ်ဖြည့်ရန် ကြိုးစားနေသည်။

နည်းပြကလော့ပ်သည် ဂီနီကွင်းလယ်ကစားသမားကိုခေါ်ယူနိုင်ရန် တစ်နှစ်ပတ်လုံးကြိုးစားနေခဲ့ပြီး တနင်္လာနေ့တွင်မူ ယင်း အသက် ၂၂ နှစ်အရွယ် ကီတာ ၂၀၁၈ ၌အန်ဖီးလ်သို့ရောက်လာရန် လိုက်ဇစ်အသင်းနှင့် သဘောတူညီမှုရခဲ့သည်။

ကစားသမားဖြစ်သူ၏ စာချုပ်ဖျက်သိမ်းကြေးပေါင် ၄၈ သန်းကိုပေးရန်သဘောတူခဲ့ပြီး လာမည့်နှစ်တွင်ကျိန်းသေရောက်လာစေ ရန်အတွက်လည်း အာမခံကြေးအဖြစ် လီဗာပူးလ်အသင်းက ပေါင် ၇ သန်း ပေးချေထားရသည်။

လီဗာပူးလ်အသင်းအနေဖြင့် အပြောင်းအရွှေ့ပိတ်မည့် ကြာသပတေးနေ့မတိုင်မီအထိ ငွေကြေးသုံးစွဲမှုကို ရပ်တန့်ဖွယ်မရှိပေ။ ဦးစားပေးခေါ်မည့်ကစားသမားများမှာ ဆောက်သမ်တန်မှ ပေါင်သန်း ၇၀ တန်နောက်ခံလူ ဗန်ဒိုက်နှင့် မိုနာကိုတိုက်စစ်ကစား သမားတို့ဖြစ်သည်။

ပေါင် ၇၅ သန်းတန် လီမာအတွက် ကမ်းလှမ်းမှုနှစ်ကြိမ်မှာ ပယ်ချခံခဲ့ရပြီးဖြစ်သည်။ အာဆင်နယ်၏ ပေါင် ၃၅ သန်းတန် ချိန်ဘာလိန်မှာလည်း အပြောင်းအလဲအတွက်ရှိနေဆဲဖြစ်သည်။

အကယ်၍ ယင်းကစားသမားအားလုံးကိုသာခေါ်ယူနိုင်ခဲ့ပါက လီဗာပူးလ်အသင်း၏ အပြောင်းအရွှေ့အသုံးစရိတ်မှာ ပေါင်သန်း ၂၅၀ ဝန်းကျင်ထိရောက်ရှိသွားမည်ဖြစ်သည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required