ဒမ်ဘီလီ ဘာစီလိုနာသို့ တရားဝင်ရောက်ရှိပြီ

ဒမ်ဘီလီ ဘာစီလိုနာသို့ တရားဝင်ရောက်ရှိပြီ

သြဂုတ် ၂၈၊ စပိန် ။                    ။ ဒေါ့တ်မွန်တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းကို တရားဝင်ရောက်ရှိသွားပြီဖြစ်ပြီး ဘာစီလိုနာ Polo shirt  နဲ့ နူးကမ့်ကွင်းရှေ့မှာ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၉၆ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ငါးနှစ်စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြောင်းရွှေ့ကြေးဟာ ဒမ်ဘီလီရဲ့ခြေစွမ်းအပေါ်မူတည်ပြီး ပေါင် ၁၃၆ သန်းအထိ မြင့်တက်သွားဖွယ်ရှိနေပါတယ်။

ဒမ်ဘီလီကို ဘာစီလိုနာအသင်းပရိသတ်အချို့က နူးကမ့်ကွင်းဝင်ပေါက်မှာ ကြိုဆိုခဲ့ကြပါတယ်။ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ နေမာရဲ့ ကျောနံပါတ် ၁၁ ကို ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကို ပြောင်းရွှေ့နိုင်ခဲ့လို့ ပျော်ရွှင်ကြောင်းနဲ့ ဘာစီလိုနာမှာ ကစားခွင့်ရဖို့ အမြဲအိပ်မက် မက်ခဲ့ကြောင်း ဒမ်ဘီလီက ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာနည်းပြ ဗယ်ဗာဒီကလည်း ဒမ်ဘီလီကို ခေါ်ယူနိုင်ခဲ့လို့ စိတ်လှုပ်ရှားမိတယ်လို့ ဆိုခဲ့ပြီး အသင်းအတွက် အများကြီးစွမ်းဆောင်ပေးလိမ့်မယ်လို့မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required