ဗိုလ်ချုပ်ဒိုင်းပြိုင်ပွဲ တွင်ပြည်ပဒိုင် များခေါ်ယူအသုံးပြု ရန်ဘောလုံးအဖွဲ့ချုပ် စီစဉ်

ဗိုလ်ချုပ်ဒိုင်းပြိုင်ပွဲ တွင်ပြည်ပဒိုင် များခေါ်ယူအသုံးပြု ရန်ဘောလုံးအဖွဲ့ချုပ် စီစဉ်
ဧရာဝတီနှင့် ရန်ကုန်ယူနိုက်တက် လိဂ်ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့သည့် ပြည်တွင်းဒိုင်လူကြီးများအား တွေ့ရစဉ်။ (ဓာတ်ပုံ- ရွှေဘုတ်)

ရန်ကုန်၊ သြဂုတ် ၁၁ ။         ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီး ဖိုင်နယ်အဆင့် ပွဲစဉ်များအတွက် ပြည်ပဒိုင်များ ငှားရမ်းအသုံးပြုရန် စီစဉ်လျက်ရှိ သည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ညွှန်ကြားရေးမှူး စီမံ ဦးစိုးမိုးကျော်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးဖိုင် နယ်အဆင့် ပထမအကျော့ ပွဲစဉ်များကို သြဂုတ်လ ၁၂ ရက်တွင် ဗထူးကွင်း၌ ရတနာပုံနှင့်မကွေး၊ သြ ဂုတ်လ ၁၃ ရက်တွင် သုဝဏ္ဏကွင်း၌ ဧရာဝတီနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို သြဂုတ်လ ၂၉ ရက်နှင့် ၂၀ ရက်များတွင် ကျင်းပသွားမည် ဖြစ် သည်။

ပြည်ပဒိုင်များခေါ်ယူရန် စီစဉ်ထားမှုနှင့် ပတ်သက်၍ “ဗိုလ်ချုပ်ဒိုင်းဆီမီးပွဲတွေအတွက်ပြည်ပ ဒိုင်ခေါ်ဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့်ခေါ်ဖြစ်မယ် မခေါ်ဖြစ်ဆိုတာတော့ မသေချာသေးပါဘူး။ တကယ်လို့ခေါ်ဖြစ် ခဲ့မယ် ဆိုရင်တော့ တရားဝင်သတင်း ထုတ်ပြန်ပေးပါမယ်။ ခုတော့ အတည်ပြု မပြော နိုင်သေးပါဘူး ” ဟု ဦးစိုးမိုးကျော်က ပြောသည်။

၂၀၁၅ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များ၌ ပြည်တွင်းဒိုင်များ၏ ဆုံးဖြတ်ချက် များမှာ ဝေဖန်မှုများ ကြုံနေရပြီး ပြီးခဲ့သည့် နေပြည်တော်နှင့် ရခိုင်၊ ရတနာပုံနှင့် ရန်ကုန် စသည့် ပွဲစဉ် များတွင် တာဝန်ယူကိုင်တွယ်ခဲ့သည့် ဒိုင်များကို ပွဲပယ်ပြစ်ဒဏ် ချမှတ်ရခြင်းများ ကြုံနေရသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ၂၀၁၂ ခုနှစ်ကလည်း မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တစ်ပွဲဖြစ်သည့် ရတနာပုံနှင့် ရန်ကုန်အသင်းတို့ပွဲတွင် ထိုင်းနိုင်ငံမှ ဒိုင်လူကြီးများကို ခေါ်ယူအသုံးပြုခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required