ထိုင်းကို ရှုံးနိမ့်ပြီး မြန်မာယူ ၂၂ အသင်း၏ ရွှေအိပ်မက်ပျက်ပြယ်

ထိုင်းကို ရှုံးနိမ့်ပြီး မြန်မာယူ ၂၂ အသင်း၏ ရွှေအိပ်မက်ပျက်ပြယ်
 
ဓာတ်ပုံ - အီးပီအေ

သြဂုတ် ၂၆၊ ရန်ကုန်။            ။ မြန်မာယူ ၂၂ အသင်းသည် မလေးရှားဆီးဂိမ်းစ်ဆီမီးဖိုင်နယ်တွင် ထိုင်းယူ ၂၂ အသင်းကို ရှုံးနိမ့်ပြီး ရွှေတံဆိပ်ဆုအိပ်မက် ပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။

မလေးရှားနိုင်ငံတွင် ယနေ့မွန်းလွဲပိုင်းက ယှဉ်ပြိုင်ကစားသော အဆိုပါပွဲစဉ်တွင် မြန်မာအသင်းမှာ ထိုင်းအသင်းနှင့် မိနစ် ၉၀ ထိ သရေကျနေခဲ့ပြီး ထပ်ဆောင်းအချိန်ပိုပြီးဆုံးရန် နီးကပ်ချိန်မှ ထိုင်းအသင်း၏ ခေါင်းတိုက်သွင်းဂိုးကို ခွင့်ပြုလိုက်ရခြင်း ဖြစ်သည်။

မြန်မာအသင်းတွင် အဓိက ကစားသမားအစုံအလင်ပါဝင်လာခဲ့ပြီး ထိုင်းအသင်း၏ခြေစွမ်းကြောင့် အချိတ်အဆက်အားနည်းနေ သော်လည်း အကောင်းဆုံးယှဉ်ပြိုင်ကစားသွားနိုင်ခဲ့သည်။

ဗိုလ်လုပွဲနှင့်လွဲချော်သွားသည့် မြန်မာယူ ၂၂ အသင်းမှာ ယနေ့ည ရး၁၅ တွင်ကစားမည့် မလေးရှား-အင်ဒိုနီးရှားပွဲစဉ်မှာ ရှုံးသည့် အသင်းနှင့် သြဂုတ် ၂၉ တွင် တတိယလုရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly