ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားမည့် မြန်မာ့လက်ရွေးစင်အသင်း ပဏာမ လူစာရင်း ထုတ်ပြန်

ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားမည့် မြန်မာ့လက်ရွေးစင်အသင်း ပဏာမ လူစာရင်း ထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၁၁ ။        ။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစားရမည့် ခြေစမ်းပွဲများ၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် ပဏာမမြန်မာ့ လက်ရွေးစင် အသင်းလူစာရင်းကို တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ပဏာမ မြန်မာ့လက်ရွေးစင်အသင်းတွင် ဖီဖာယူ ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် မြန်မာ ယူ၂၀ အသင်းမှ မျိုးမင်းလတ် ၊အောင်သူ၊သန်းပိုင် ၊ကျော်မင်းဦး၊ နန္ဒကျော်၊ မောင်မောင်လွင် တို့ ခြောက်ဦး၊ ၂၀၁၅ ဆီးဂိမ်းစ် ငွေတံဆိပ်ရ မြန်မာ ယူ ၂၃ အသင်းမှ ကျော်ဇင်ဖြိုး၊ ကျော်ဇင်လွင်၊ ရဲကိုဦး၊ စည်သူအောင်၊ ရှိုင်းသူရ၊ လှိုင်းဘိုဘို၊ နေလင်းထွန်း၊ သီဟဇော်၊ ချစ်စုမိုး တို့ ကိုး ဦးထိ ပါဝင်လာခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲဝင် ဆောက်သမ်းမြန်မာ အသင်းမှ ဂိုးသမား ဇော်ထက်လင်းသည်လည်း ပထမဆုံးအကြိမ် လက်ရွေးစင်ကစားသမားအဖြစ် ပါဝင်လာခဲ့သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် လာမည့် သြဂုတ် ၂၈ ရက်တွင် ယူအေအီးအသင်း၊ စက်တင် ဘာ ၇ ရက်တွင် နယူးဇီလန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲများနှင့် ခြေစစ်ပွဲများအတွက် သြဂုတ်လ ၁၇ ရက်မှ စတင်ကာ စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် အေဗရာမိုဗစ်၊ လက်ထောက်နည်းပြအဖြစ် ဦးကြည်လွင်၊ ဂိုးနည်းပြအဖြစ် ဦးအောင်သက်၊ အသင်းမန်နေဂျာအဖြစ် ဦးသန်းတိုးအောင်တို့က တာ ဝန်ယူဆောင်ရွက်မည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်း နည်းပြ /အုပ်ချုပ် အဖွဲ့

အုပ်ချုပ်သူ - ဦးသန်းတိုးအောင် (ဆောက်လုပ်ရေး ဝန်ကြီးဌာန)
နည်းပြချုပ် - မစ္စတာ အေဗရာ မိုဗစ်ချ်
လက်ထောက်နည်းပြ - ဦးကြည်လွင် (မကွေး)
ဂိုးနည်းပြ - ဦးအောင်သက် (ဟံသာဝတီ)
ကြံ့ခိုင်ရေး နည်းပြ - မစ္စတာ လူကာ ကိုဗာစီဗစ်
ဆရာဝန် - ဒေါက်တာ အောင်ကျော်ဦး
အသင်းမီဒီယာ အရာရှိ - ဦးဇော်မင်းထိုက်
အကြောပြင် ဆရာ- ဦးထွန်းဇော်
Video Analyst- ဦးအောင်အောင်ထွန်း
အသင်းအတွင်းရေးမှူး - ဦးထွန်းထွန်းအောင်
 ပဏာမ မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း

ဂိုး - ကျော်ဇင်ဖြိုး (မကွေး)၊ မျိုးမင်းလတ် (ကမ္ဘောဇ)၊ ရန်အောင်လင်း (ဟံသာဝတီ)၊ ဇော်ထက်လင်း (ဆောက်သမ်းမြန်မာ)

နောက်တန်း - ကျော်ဇင်လွင်၊ နန္ဒကျော် (မကွေး)၊ စည်သူအောင်၊ ဇော်ရဲထွန်း (ရတနာပုံ)၊ ဒေးဗစ်ထန်၊ ဇော်မင်းထွန်း (ရန်ကုန်)၊ အောင်ဇော် (ဟံသာဝတီ)၊ ဇော်လင်း (ကမ္ဘောဇ)၊

အလယ်တန်း - အောင်သူ၊ ရှိုင်းသူရ၊ လှိုင်းဘိုဘို (ရတနာပုံ)၊ ရန်အောင်ကျော်၊ ကြည်လင်း (ရန်ကုန်)၊ သီဟဇော်၊ ကျော်မင်းဦး (ဧရာဝတီ)၊ ချစ်စုမိုး (ချင်း)၊ မောင်မောင်လွင် (ဟံသာဝတီ)

ရှေ့တန်း - ဆွမ်လန်မန် (ချင်း)၊ ကျော်ကိုကို၊ သန်းပိုင် (ရန်ကုန်)၊ နေလင်းထွန်း (ဧရာဝတီ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required