မောင်တောမြို့ပတ်ဝန်းကျင်၌ တိုက်ခိုက်မှုများဆက်လက် ဖြစ်ပေါ်နေ

မောင်တောမြို့ပတ်ဝန်းကျင်၌ တိုက်ခိုက်မှုများဆက်လက် ဖြစ်ပေါ်နေ

ရန်ကုန် ၊ သြဂုတ် ၂၆ ။                  ။ ရခိုင်ပြည်နယ် မောင်တောမြို့အနီးပတ်ဝန်းကျင်၌ ယနေ့ သြဂုတ်လ ၂၆ ရက်နေ့လည်အထိ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်ဟု မဇ္စျိမသတင်းဌာနမှ စုံစမ်းသိရှိရသည်။

"အခုလက်ရှိအခြေအနေကတော့ မြို့သူကြီး ကျေးရွာဘက်မှာရော မြို့ပတ်ဝန်းကျင် ပတ်ပတ်လည် သုံးလေးနေရာ လောက် ပစ်ခတ်မှုတွေ ရှိနေတယ်။ လူအုပ်ကြီးနဲ့ အသံပေးနေတဲ့ အခါ ဒီဘက်က ခုခံရတာပေါ့" ဟု မောင်တောမြို့နယ် အမျိုးသားလွှတ်တေ်ာကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း ကဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို ဘင်္ဂါလီ အကြမ်းဖက် တိုက်ခိုက်သူများ ဘက်က စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး လုံခြံုရေးတပ်ဖွဲ့ဝင်များက ခုခံနေရဆဲသာ ဖြစ်သည်ဟု ဦးကျော်ကျော်ဝင်း၏ ပြောဆိုချက်အရ သိရသည်။

"မောင်တောမြို့သူကြီးဘက်က ပေါက်ကွဲသံကြားတယ်။ ကားလမ်းပေါ် မိုင်းထောင်ထားလို့ စစ်တပ်က ဝင်ရှင်းနေရတယ်။ ရွာထဲကပြန်ပစ်လို့ အပြန်အလှန် တိုက်ပွဲတွေဖြစ်နေပြီး သေနတ်သံ ဆက်တိုက်ပြန်ကြားနေရတယ်" လို့ မောင်တောရှိ ၀န်ထမ်းတစ်ဦးက ဆိုသည်။

အဆိုပါ ၀န်ထမ်း၏ ပြောဆိုချက်အရ မောင်တော သုံးမိုင် မှ ကျီးကန်းပြင်သို့ သွားသည့် တံတားကို မိုင်းဖြင့် တိုက်ခိုက်ဖြိုခွဲ ခဲ့ခြင်းကြောင့် တပ်မတော်မှ လိုက်လံရှင်းလင်း နေရကြောင်း ၊ အဆိုပါ တိုက်ခိုက်သူများသည် အပြာနက်နှင့် အမဲရောင် ယူနီဖောင်းများ ၀တ်ဆင်ထားပြီး ငွေတောင်ဘက်သို့ ဆုတ်ပြေးသွားသည်ဟု ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly