လူကာကူကိုကျော်ပြီး နေရာရမည် မဟုတ်ဟု အီဘရာဟီမိုဗစ်ကို မော်ရင်ဟိုသတိပေး

လူကာကူကိုကျော်ပြီး နေရာရမည် မဟုတ်ဟု အီဘရာဟီမိုဗစ်ကို မော်ရင်ဟိုသတိပေး

သြဂုတ် ၂၆၊ မန်ချက်စတာ။                           ။ မန်ယူအသင်းနှင့်တစ်ကျော့ပြန် စာချုပ်လိုက်သည့် တိုက်စစ်မှူးဇလာတန်အီဘရာဟီမိုဗစ်အနေဖြင့် ဦးစားပေးကစားသမားအဖြစ် အလိုအလျောက် ရွေးချယ်ခံရမည်မဟုတ်ဟု နည်းပြမော်ရင်ဟိုက သတိပေးလိုက်သည်။

လာမည့်နွေရာသီအထိစာချုပ်လိုက်သည့် အီဘရာဟီမိုဗစ်သည် လစာလျှော့ယူမည်ဖြစ်ပြီး ပွဲထွက်ခွင့်အလိုက်ရရှိမည့် ဆုကြေး တိုးမြင့်ရရှိမည်ဖြစ်သည်။

မော်ရင်ဟိုသည် ချန်ပီယံလိဂ်လူစာရင်းတွင် ဧပြီလကဒူးဒဏ်ရာရပြီး ပြန်လည်သက်သာလာရန်ကြိုးစားနေသည့်ဆွီဒင် တိုက်စစ်မှူးကို ထည့်သွင်းထားသည်။

သို့သော်ယမန်နှစ်က ၂၈ ဂိုးသွင်းထားသည့် အီဘရာဟီမိုဗစ်အနေဖြင့် ခရစ္စမတ်ကာလပြီးနောက် ဘောလုံးပြန်ကစားနိုင်သည့် အခါ လူကာကူနှင့် ရက်ရှ်ဖို့ဒ်တို့၏နောက် ဒုတိယဦးစားပေးအဖြစ်သာ ကစားရဖွယ်ရှိသည်။

“ဇလာတန်က ကျွန်တော့်အကြောင်းသိပါတယ်။ ပြီးတော့အသင်းအတွက်အကောင်းဆုံးဖြစ်မယ်ထင်တဲ့ကစားသမားကိုပဲ ကျွန်တော်သုံးတယ်ဆိုတာကိုလည်း သူသိပါတယ်။

သူဒီမှာလာပြီးအကောင်းဆုံးခြေစွမ်းပြနိုင်ရင် ကစားခွင့်ရမယ်။ တကယ်လို့တခြားတစ်ယောက်က သူ့ကို အဲဒီလိုအခွင့်အရေး မပေးဘူးဆိုရင် အဲဒါဘဝပဲ။

ကျွန်တော့်ကစားသမားတွေအပေါ် ရိုးသားဖို့ ကျွန်တော်အမြဲကြိုးစားပါတယ်။ တစ်ခါတလေတော့ မမှန်တာတွေကို လုပ်ကောင်း လုပ်မိနိုင်ပါတယ်။ ဒါပေမဲ့ ရိုးသားဖို့ ကျွန်တော်အမြဲကြိုးစားပါတယ်”ဟု မော်ရင်ဟိုက ပြောသည်။

အင်တာမီလန်အသင်းထံမှ ပါရီဆစ်ကိုခေါ်ယူရန်ကြိုးစားမှုမအောင်မြင်ပြီးနောက် မန်ယူအသင်း၏အပြောင်းအရေအရွှေ့ကိစ္စများ ပြီးဆုံးသွားပြီဖြစ်ကြောင်းလည်း မော်ရင်ဟိုက ဝန်ခံခဲ့သည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required