ငါးချဉ်စားမိရာမှ လူ ၁၇ ဦးအစာအဆိပ်သင့်မှု သထုံမြို့နယ်၌ ဖြစ်ပွား

ငါးချဉ်စားမိရာမှ လူ ၁၇ ဦးအစာအဆိပ်သင့်မှု သထုံမြို့နယ်၌ ဖြစ်ပွား

သထုံ၊ သြဂုတ်၊ ၂၅ ။          ။ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာအတွင်း လာရောက်ရောင်းချသော ငါးချဉ်များအား ၀ယ်ယူစားသုံးမိရာမှ လူ ၁၇ ဦးသည်  သြဂုတ်လ ၂၅ ရက်၊ နံနက်၉နာရီက အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

" ရွာမှာလာရောင်းချတဲ့ ငါးချဉ်သည်ဆီကနေ ၀ယ်စားကြတယ်။ ၀ယ်စားတဲ့ လူမှန်သမျှ အားလုံး အဆိပ်သင့်တာ၊ ခုအနေအထားအရတော့ လူနာအချို့က သက်သာနေပါပြီ၊ ကိုယ်ခံအား မကောင်းတဲ့ သူမျိုးဆိုရင် စိတ်ချအောင် ဆေးရုံကို လွှဲပို့ထားပါတယ်"ဟု ပိန္နဲတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမင်းက ပြောသည်။

အစာအဆိပ်သင့်သူ အဆိုပါလူနာများမှာ အော့အန်ခြင်း၊ ၀မ်းသွားခြင်းများ ဖြစ်ပေါ်နေကြောင်း သိရပြီး ကျား ရ ဦး၊ မ ၁၀ ဦး၊ စုစုပေါင်း ၁၇ ဦးကို ပိန္နဲတောကျေးရွာဆေးပေးခန်းတွင် ကုသပေးလျှက်ရှိ ပြီး လူနာတစ်ဦးအား သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်သည်။

အစာအဆိပ်သင့်လူနာများ၏ အန်ဖတ်နှင့်ငါးချဉ်ထုပ်၏ နာမူနာများ ရယူထားပြီး အမျိုးသားဓါတ်ခွဲခန်းအား ပေးပို့ ထားပြီး အဖြေအားစစ်ဆေးလျှက်ရှိပြီး အစာအဆိပ်သင့်မှုနှင့်ပတ်သက်၍ ကျန်းမာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာများမှ ပြည်သူများ ပူးပေါင်းဆောင်ရွက်ကာ ကျေးရွာအတွင်း နောက်ထပ် အစာအဆိပ်သင့်လူနာ ရှိ/မရှိ စစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly