လီဂျွန်ဂီနှင့် ဂျီယွန်ဟေးဘင်တို့ လမ်းခွဲပြတ်ဆဲ

လီဂျွန်ဂီနှင့် ဂျီယွန်ဟေးဘင်တို့ လမ်းခွဲပြတ်ဆဲ

တောင်ကိုရီးယားမင်းသား လီဂျွန်ဂီနှင့် မင်းသမီးဂျီယွန်ဟေးဘင်တို့သည် လမ်းခွဲပြတ်ဆဲလိုက်ပြီဖြစ်ကြောင်း သြဂုတ်လ ၂၅ရက်နေ့တွင် ကြေညာခဲ့ကြသည်။

အတွင်းသတင်းများအရ သူတို့နှစ်ဦး လမ်းခွဲပြတ်ဆဲရခြင်း၏ အဓိကအကြောင်းရင်းမှာ သူတို့ရဲ့များပြားလှသော အနုပညာအလုပ်များကြောင့် တစ်ယောက်နှင့်တစ်ယောက် အချိန်မပေးနိုင်ခြင်းကြောင့်ဖြစ်ပြီး တစ်ဖြည်းဖြည်း သွေးအေးသွားကာ နောက်ဆုံးတွင် လမ်းခွဲလိုက်ရကြောင်း သိရသည်။ သို့သော်လည်း သူတို့နှစ်ဦးသည် ကောင်းမွန်သော လုပ်ဖော်ကိုင်ဖက်များအဖြစ် ဆက်လက်နေထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သူတို့နှစ်ဦး လမ်းခွဲပြတ်ဆဲပြီဆိုသောသတင်းကို သူတို့နှစ်ဦး၏ အေဂျင်စီများက အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

သူတို့စုံတွဲသည် ပြီးခဲ့သောဧပြီလကမှ သူတို့နှစ်ဦး ချစ်သူဖြစ်နေပြီဆိုသောသတင်းကို အတည်ပြုခဲ့ကြသည်။ သူတို့နှစ်ဦးသည် လွန်ခဲ့သော ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့သော Gunman in Joseon ဒရာမာဇာတ်လမ်းတွဲ၌ အတူတွဲ၍ သရုပ်ဆောင်ရင်း ရင်းနှီးခဲ့ကြကာ ၂၀၁၆ ခုနှစ်တွင် ချစ်သူအဖြစ် စတင်လက်တွဲခဲ့ကြကြောင်း သူတို့ အေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် လီဂျွန်ဂီသည် tvN ရုပ်သံလိုင်းမှ ထုတ်လွှင့်လျက်ရှိသော Criminal Minds ဇာတ်လမ်းတွဲ၌ ပါ၀င် သရုပ်ဆောင်နေပြီး ဂျီယွန်ဟေးဘင်သည် SBS ရုပ်သံလိုင်း၏ Distorted ဇာတ်လမ်းတွဲ၌ သရုပ်ဆောင်လျက်ရှိ သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly