ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်အောင်စိုးအား ပြည်ထဲရေးဒုဝန်ကြီး အဖြစ်ခန့်အပ်

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်အောင်စိုးအား ပြည်ထဲရေးဒုဝန်ကြီး အဖြစ်ခန့်အပ်

သြဂုတ်၊၁၂ ။          ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၇ ပါ ပြဌာန်းချက်များအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်အောင်စိုးအားပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးလိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က (အမိန့်အမှတ်၊ ၄/၂၀၁၅) ဖြင့် သြဂုတ်လ ၁၁ ရက်နေ့ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခင်ပြည်ထဲရေး ဒုတိယဝန်ကြီးမှာ ကျော်ကျော်ထွန်း ဖြစ်ပြီး၊ ပြည်ထဲရေးဝန်ကြီးမှာ ဒုတိယဗိုလ်ချုပ်ကြီး ဦးကိုကိုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly