UEFA တစ်​နှစ်​တာအ​ကောင်​းဆုံး ကစားသမားဆုကို စီ​ရော်​နယ်​ဒိုရရှိ

UEFA တစ်​နှစ်​တာအ​ကောင်​းဆုံး ကစားသမားဆုကို စီ​ရော်​နယ်​ဒိုရရှိ

ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲ အခမ်းအနားနှင့်အတူ ယူအီးအက်ဇ်အေ၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုပေးပွဲကို တစ်ပြိုင်တည်း ကျင်းပခဲ့ရာ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက အကောင်းဆုံးဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။

စီ​ရော်​နယ်​ဒိုသည်​ ပြီးခဲ့သည်​့ရာသီက ရီးယဲလ်​နှင်​့အတူ ချန်​ပီယံလိဂ်​ဖလား၊ လာလီဂါဖလား၊ UEFA စူပါဖလားနှင်​့ ကမ္ဘာ့ကလပ်​ဖလားများကို ရရှိခဲ့သည်​။ ချန်​ပီယံလိဂ်​ပြိုင်​ပွဲတွင်​လည်​း ၁၂ ဂိုးသွင်​းကာ ၆ ဂိုး ဖန်​တီး​ပေးခဲ့ပြီး  ဂိုးသွင်​းအများဆုံးကစားသမားအဖြစ်​ ရပ်​တည်​ခဲ့သည်​။ ထို့​ကြောင်​့ မက်​ဆီနှင်​ ဘတ်​ဖွန်​တို့ကို​ကျော်​ကာ အ​ကောင်​းဆုံးဆုကို ရရှိခဲ့သည်​။

၂၀၁၆-၁၇ ချန်ပီယံလိဂါပြိုင်ပွဲ၏ နေရာအလိုက် အကောင်းဆုံး ဆုများကိုလည်း ပေးအပ်ခဲ့ရာ စီရော်နယ်ဒိုက အကောင်းဆုံး တိုက်စစ်မှူးဆုကို ရရှိခဲ့သည်။

အကောင်းဆုံးဂိုးသမားဆုကိုမူ ဘတ်ဖွန်က ရခဲ့ပြီး အကောင်းဆုံး အလယ်တန်းကစားသမားဆုကို မိုဒရစ်၊ နောက်တန်းဆုကို ရာမို့စ်တို့က ရရှိခဲ့ကြသည်။

အ​ကောင်​းဆုံးအမျိုးသမီး ​ဘောလုံးသမားဆုကိုမူ နယ်​သာလန်​နှင်​့ဘာစီလိုနာတိုက်​စစ်​မှူး လီကီမာတန်​့စ်​က ရရှိသွားခဲ့သည်​။ မာတန်​့စ်​သည်​ နယ်​သာလန်​အသင်​းကို ပထမဆုံးအကြိမ်​ယူရိုဖလားရရှိ​အောင်​စွမ်​​းဆောင်​​ပေးနိုင်​ခဲ့သူဖြစ်​သည်​။

အကောင်းဆုံးဆုများအတွက် နည်းပြများနျင့် အားကစားကလောင်ရှင်များက မဲပေးရွေးချယ်ခြင်း ဖြစ်သည်။

ရည်​ညွှန်​း UEFA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required