ချန်​ပီယံရီးယဲလ်​နဲ့ ချယ်​လ်​ဆီးတို့ အုပ်​စုကျပ်​​နေတဲ့ ၂၀၁၇-၁၈ ချန်​ပီယံလိဂ်​ပွဲစဉ်​များ

ချန်​ပီယံရီးယဲလ်​နဲ့ ချယ်​လ်​ဆီးတို့ အုပ်​စုကျပ်​​နေတဲ့ ၂၀၁၇-၁၈ ချန်​ပီယံလိဂ်​ပွဲစဉ်​များ

၂၀၁၇-၁၈ ချန်​ပီယံလိဂ်​ အုပ်​စုမဲခွဲပွဲ အခမ်​းအနားကို မိုနာကိုမြို့တွင်​ ကျင်​းပပြုလုပ်​ခဲ့ရာ လက်​ရှိချန်​ပီယံရီးယဲလ်​အသင်​းနှင်​့ ပရီးမီးယားလိဂ်​ချန်​ပီယံချယ်​လ်​ဆီးအသင်​းတို့မှာ အုပ်​စုကျပ်​အတွင်​းကျ​ရောက်​လျက်​ရှိ​နေကြသည်​။

ရီးယဲလ်​အသင်​းမှာ အုပ်​စု(H)တွင်​ ​ဒေါ့တ်​မွန်​၊ စပါး၊ ​အေပိုးလ်​တိုနှင်​့ကျ​ရောက်​​နေပြီး ချယ်​လ်​ဆီးမှာ အုပ်​စု(C)တွင်​ အက်​သလက်​၊ ရိုးမား၊ ကာရာဘတ်​တို့နှင်​့ ကျ​ရောက်​​နေသည်​။

ကျန်​အုပ်​စုများတွင်​ အသင်​းကြီးအချင်​းချင်​း​တွေ့ဆုံမှုများရှိ​သော်​လည်​း ကျန်​နှစ်​သင်​းမှာ အားနည်​းသည်​့အသင်​းများဖြစ်​လျက်​ရှိသည်​။ အုပ်​စု(B)တွင်​ ဘိုင်​ယန်​မြူးနစ်​နှင်​့ပီအက်​စ်​ဂျီ၊ အုပ်​စု(D)တွင်​ ဂျူဗင်​တပ်​စ်​နှင်​့ ဘာစီလိုနာ တို့​တွေ့ဆုံ​နေ​သော်​လည်​း ကျန်​အသင်​းများက အသင်​းငယ်​များဖြစ်​သည်​။

ယူရိုပါလိဂ်​ချန်​ပီယံ မန်​ယူအသင်​းမှာမူ အုပ်​စု(A)တွင်​ ဘင်​ဖီကာ၊ ​ဘေဆယ်​၊ CSKA တို့နှင်​့ကျ​ရောက်​​နေပြီး အုပ်​စု​ချောင်​လျက်​ရှိသည်​။

လီဗာပူးလ်​အသင်​းမှာလည်​း စပါးတပ်​​မောစကို၊ ဆီဗီလာ၊ မာရီ​ဘောတိုနှင်​့ တစ်​အုပ်​စုတည်​းကျ​နေပြီး အုပ်​စု​ချောင်​လျက်​ရှိနေသည်​။

ချန်​ပီယံလိဂ်​ အုပ်​စုများ
--------
အုပ်​စု(က) ဘင်​ဖီကာ၊ မန်​ယူ၊ ​ဘေဆယ်​၊ CSKA

အုပ်​စု(ခ) ဘိုင်​ယန်​မြူးနစ်​၊ ပီအက်​စ်​ဂျီ၊ အ်န်​ဒါလက်​ချ်​၊ ဆဲလ်​တစ်​

အုပ်​စု(ဂ) ချယ်​လ်​ဆီး၊ အက်​သက်​၊ ရိုးမား၊ ကာရာဘတ်​

အုပ်​စု(ဃ) ဂျူဗင်​တပ်​စ်​၊ ဘာစီလိုနာ၊ အိုလံပီယာ​ကော့စ်​၊ စပို့တင်​းလစ္စဘွန်​း

အုပ်​စု(င) စပါးတပ်​​မော်​စကိို၊ ဆီဗိလာ၊ လီဗာပူးလ်​၊ မာရီ​ဘော

အုပ်​စု(စ) ရှက်​တာဒိုးနက်​၊ မန်​စီးတီး၊ နာပိုလီ၊ ဖီယင်​နု

အုပ်​စု(ဆ) မိုနာကို၊ ​ပေါ်တို၊ ဘီဆစ်​တပ်​၊ လိုက်​ဇစ်​

အုပ်​စု(ဇ) ရီးယဲလ်​၊ ​ဒေါ့တ်​မွန်​၊ စပါး၊ ​အေပိုးလ်​

ချန်​ပီယံလိဂ်​ အုပ်​စုအဖွင်​့ပွဲစဉ်​များကို စက်​တင်​ဘာလ ၁၂၊ ၁၃ ရက်​များတွင်​ စတင်​ကစားမည်​ ဖြစ်​သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required