SPA Group ကယ်ဆယ်ရေးဆောင်ရွက်နေ

SPA Group ကယ်ဆယ်ရေးဆောင်ရွက်နေ
ဓာတ်ပုံ- SPA Flood Relief fund facebook

Serge Pun & Associates (SPA Group) သည် First Myanmar Investment နှင့် Yoma Strategic Holdings ကုမ္ပဏီတို့နှင့်အတူ ရေဘေးသင့် ရခိုင်ပြည်နယ်ဒေသများတွင် ကူညီမှုများ ဆက်လက်ဆောင်ရွက်နေသည်။

ရခိုင်ပြည်နယ် စစ်ထွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များနှင့် နန်းကျရွာတို့တွင် အကြိုစစ်တမ်းများ ကောက်ယူခဲ့သည်။

ရောက်ရှိခဲ့သည့် ရွာများမှာ ရေသန့်ရှင်းမှုမရှိသည်ကိုတွေ့ရပြီး အကြီးမားဆုံး ပြဿနာဖြစ်သည်ဟု SPA ကုမ္ပဏီအုပ်စုက ထုတ်ပြန်သည်။ ပန်းလှိုင်စီလုံဆေးရုံ (PHSH) မှ အဖွဲ့တစ်ဖွဲ့က ရေသန့်စင်ဆေးများအသုံးပြုရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ရေစုပ်စက်များကို ထောက်ပံ့ပေးသွားရန် အစီအစဉ်ရှိသည်ဟုဆိုသည်။ ကယ်ဆယ်ရေးပစ္စည်း ၁၀,၀၀၀ ကီလိုအား သီးခြားလေကြောင်းခရီးစဉ် ၂ ခုဖြင့် FMI Air က ဆောင်ရွက်ပေးခဲ့သည်။ FMI Air က တနင်္လာမှ သောကြာနေ့အထိ နေ့စဉ် ရန်ကုန်-စစ်ထွေ ပျံသန်းပေးမည်။

SPA သည် ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်ပြီး SPA ၏ ရင်းနှီးမြှုပ်နှံမှုအားလုံးကို First Myanmar Investment Co.Ltd-FMI နှင့် Yoma Strategiv Holdings Ltd-YSH တို့ဖြင့်လုပ်ဆောင်နေသည်။ YHS သည် စင်္ကာပူတွင်ဖွဲ့စည်းပြီး မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည်။

SPA, FMI နှင့် YSH တို့သည် မဟာဗျူဟာအရ တွဲဆက်ထားပြီး မြန်မာနိုင်ငံတွင် အိမ်ခြံမြေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ လေကြောင်းပျံသန်းမှု၊ အဆင့်မြင့်ခရီးသွားလုပ်ငန်း၊ အစားအစာနှင့် အဖျော်ယမကာ၊ မော်တော်ယာဉ်လုပ်ငန်းများတွင် လုပ်ကိုင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required