အိမ်ရှင်ပရိသတ်တွေကို စိတ်ချမ်းသာစေခဲ့တဲ့ ဂီယန်နီဆူဘာ

အိမ်ရှင်ပရိသတ်တွေကို စိတ်ချမ်းသာစေခဲ့တဲ့ ဂီယန်နီဆူဘာ

ဂီယန်နီဆူဘာဆိုတာ အသက် ၂၄ နှစ်သာ ရှိသေးတဲ့ မလေးရှား MMA ဖိုက်တာဖြစ်ပါတယ်။ One Championship ပွဲပေါင်း ၁၀ ပွဲကစားပြီးချိန်မှာ ၈ ပွဲနိုင် ၂ ပွဲရှုံးရလဒ်ရထားသူပါ။

သူနဲ့ပွဲတည်ထားတဲ့သူကတော့ ဂျပန်ဖိုက်တာ ရီကူရှီဘူယာ ဖြစ်ပါတယ်။ ရှီဘူယာကလည်း ခေသူတော့ မဟုတ်ပါဘူး။ ၁၃ ပွဲနိုင် ၃ ပွဲရှုံးရလဒ်ရထားသူဖြစ်ပါတယ်။

ဆူဘာဟာ အလားအလာရှိတဲ့ ဖိုက်တာတစ်ဦးဖြစ်တာကြောင့် အိမ်ရှင်ပရိသတ်တွေက အထူးအားပေးကြပါတယ်။ ဆူဘာကလည်း လက်စွမ်းလက်စရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်းပွဲလွှတ်လိုက်တဲ့ အခါမှာတော့ ဂျပန်ဖိုက်တာ ရှီဘူယာက အတင်းဝင်ချုပ်လုံးသူဖြစ်လို့ ဆူဘာကစားရတာ အခက်တွေ့ခဲ့ပါတယ်။

ရှီဘူယာဟာ အတင်းလုံး ကြိုးဝိုင်းထောင့်ကိုအတင်းကပ်ထားပေမယ့် ဆူဘာကို အထိနာအောင်မလုပ်နိုင်ခဲ့ပါဘူး။ ဆူဘာကတော့ ချုပ်ထားတာကိုရုန်းရင်း အခွင့်အရေးရရင်ရသလို ရှီဘူယာကို ထိုးကြိတ်တိုက်ခိုက်ပါတယ်။ ဆူဘာရဲ့ ထိုးချက်အချို့နဲ့ကန်ချက်အချို့ ရှီဘူယာကို ထိခဲ့ပါတယ်။

ဒုတိယအချီမှာဆိုရင် ဆူဘာက ရှီဘူယာကို ခြေချိတ်လှဲချပြီး လက်သီးနဲ့ထိုး၊ ဒူးနဲ့တိုက်တာတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ရှီီဘူယာကတော့ ချုပ်သာ ချုပ်ထားပြီး အမှတ်ရအောက်အောင် ထိုးနိုင်တာမျိုးမရှိခဲ့ပါဘူး။ ဒါကြောင့် သုံးချီပြည့်သွားလို့ ဒိုင်တွေရဲ့ အဆုံးအဖြတ်ခံယူရာမှာ အားလုံးက ဆူဘာကိုပဲ အနိုင်ပေးလိုက်ကြပါတယ်။

မလေးလူငယ်ဖိုက်တာ ဆူဘာအတွက် ၉ ပွဲမြောက် MMA နိုင်ပွဲမှတ်တမ်းရသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly