Reputation ဟုအမည်ပေးထားသော သူမ၏တေးအယ်လ်ဘမ်အသစ် ထွက်ရှိမည်ဟု တေလာဆွစ်ကြေညာ

Reputation ဟုအမည်ပေးထားသော သူမ၏တေးအယ်လ်ဘမ်အသစ် ထွက်ရှိမည်ဟု တေလာဆွစ်ကြေညာ

သူမ၏ငါးချပ်မြောက် စတူဒီယိုတေးအယ်လ်ဘမ် 1989 ထွက်ရှိပြီးနောက် သုံးနှစ်အကြာခန့်တွင် တေလာဆွစ် သည် ပရိသတ်ထံသို့ Reputation ဟု အမည်ပေးထားသော   တေးအယ်လ်ဘမ် အသစ်နှင့်အတူ   ပြန်လည် ရောက်ရှိလာတော့မည်ဖြစ်သည်။

ဒါ့အပြင် ပြီးခဲ့သော သောကြာနေ့က တေလာဆွစ်၏ လူမှုမီဒီယာအကောင့်များမှ ဓာတ်ပုံများအားလုံး ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားပြီးနောက် ယခုအခါတွင် အားလုံးနဂိုအတိုင်း   ပြန်ပေါ်လာပြီဖြစ်သည်။

ယခု Reputation အယ်လ်ဘမ်သည် တေလာဆွစ်၏ ၆ ချပ်မြောက် စတူဒီယိုအယ်လ်ဘမ် ဖြစ်လာမည်ဖြစ်ပြီး လက်ရှိအချိန်တွင် တွစ်တာပေါ်၌ #TS6 ဟူသော စကားလုံးများ ရေပန်းစားလျက်ရှိသည်။

ထို Reputation အယ်လ်ဘမ်ထဲမှ ပထမဦးဆုံး သီချင်းတစ်ပုဒ်ကို ကြာသာပတေးနေ့ညတွင် အင်တာနက်ပေါ်၌ ထုတ်လွှင့်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဆွစ်သည် ပရိသတ်မျက်စိရှေ့မှောက်မှ ၆လခန့် ပျောက်ဆုံးနေခဲ့ပြီး ယခုလအစော ပိုင်း၌ ရေဒီယိုအစီအစဉ် တင်ဆက်သူတစ်ဦးနှင့် ဒန်ဗာတရားရုံး၌ အမှုရင်ဆိုင်သည့် အချိန်မှသာ သူမကို ပြန်လည် မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

သူမ၏ တင်ပါးကိုဆုပ်ကိုင်ပြီး အသားယူခဲ့သော ရေဒီယိုအစီအစဉ်တင်ဆက်သူနှင့် တရားခွင်၌ အကြိတ် အနယ် ယှဉ်ပြိုင်နေသောအမှုတွင် တေလာဆွစ်ကို ဂျူရီတရားသူကြီးများက အနိုင်ပေးခဲ့ပြီး နစ်နာကြေးအဖြစ် သူမတောင်းဆိုထားသော အမေရိကန် ၁ ဒေါ်လာကို ရရှိခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly