ရုံတင်ပြသသည့် ပထမရက်၌ပင် တာထွက်လှခဲ့သည့် တောင်ကိုရီးယားရုပ်ရှင် V.I.P

ရုံတင်ပြသသည့် ပထမရက်၌ပင် တာထွက်လှခဲ့သည့် တောင်ကိုရီးယားရုပ်ရှင် V.I.P

နာမည်ကျော်သရုပ်ဆောင်များပါ၀င်သည့် V.I.P ရုပ်ရှင်ဇာတ်ကားကို တောင်ကိုရီးယားရုပ်ရှင်ရုံများ၌ သြဂုတ်လ ၂၃ ရက်နေ့က စတင်ပြသခဲ့ပြီး ပထမရက်အတွင်း၌ပင် ကိုရီးယားရုံဝင်ငွေဇယား၌ ဦးဆောင်နေသည့် Taxi Driver ဇာတ်ကားကို ကျော်ဖြတ်ကာ နံပါတ်တစ်နေရာ၌ ရပ်တည်နိုင်ခဲ့သည်။

ကိုရီးယားရုပ်ရှင်ကောင်စီမှ ထုတ်ပြန်သောအချက်အလက်များအရ V.I.P ရုပ်ရှင်ဇာတ်ကားသည် ပထမရက် အတွင်း၌ပင် လက်မှတ်ပေါင်း ၁၀ သန်းခန့် ရောင်းချနိုင်ခဲ့ပြီး ရုံများ၌ကြည့်ရှုသူ ၁၇၄၀၂၃ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

ကိုရီးယားရုံဝင်ငွေဇယား၌ ၂၂ ရက်ခန့် နံပါတ်တစ်နေရာ၌ ရပ်တည်နိုင်ခဲ့သော Taxi Driver ဇာတ်ကားသည် ယခုအပတ်တွင် နံပါတ် ၂ နေရာသို့ ကျဆင်းသွားကာ Mid night Runners ဇာတ်ကားက နံပါတ် ၃ နေရာ၌ ရပ်တည်လျက်ရှိသည်။

V.I.P ဇာတ်ကားတွင် နာမည်ကျော်မင်းသားများဖြစ်ကြသော လီဂျောင်ဆုခ်၊ ကင်မ်မြောင်မင်၊ ဂျန်ဒေါင်ဂန်း နှင့် ပါ့ခ်ဟီးဆွန်းတို့ ပါ၀င်သရုပ်ဆောင်ထားကြသည်။

ထိုဇာတ်ကား၌ ကြမ်းတမ်းသော ဇာတ်ဝင်ခန်းများ၊ လူသတ် ခန်းများ ပါ၀င်သောကြောင့် R အဆင့် သတ်မှတ်ထားသော်လည်း ကြည့်ရှုသူများပြားခဲ့ကာ ပထမရက်အတွင်း၌ ပင် ရုံဝင်ငွေအများအပြား ရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly