နန်းဆုဦး၏တမူထုူးခြားသော ဖက်ရှင်နှင့် Huawei P10 Plus ၏ အံ့မခန်းကင်မရာအစွမ်းပေါင်းစပ်မှု

နန်းဆုဦး၏တမူထုူးခြားသော ဖက်ရှင်နှင့် Huawei P10 Plus ၏ အံ့မခန်းကင်မရာအစွမ်းပေါင်းစပ်မှု

- MODA ဖက်ရှင်မဂ္ဂဇင်း၏စမတ်ဖုန်းဖြင့် ပထမဆုံးရိုက်ကူးသည့် မျက်နှာဖုံးရိုက်ကူးမှုကိုHUAWEI P10 Plus ဖြင့်ဖန်တီး

[သြဂုတ် ၂၄]၊ ရန်ကုန်၊ မြန်မာ။                   ။မြန်မာနိုင်ငံ၏ရှေ့ဆောင်လမ်းပြဖက်ရှင်မဂ္ဂဇင်းဖြစ်သော MODA မဂ္ဂဇင်းမှHUAWEI P Series ၏နောက်ဆုံးပေါ် HUAWEI P10 Plus ကိုအသုံးပြုပြီး သြဂုတ်လစာစဉ်အတွက် တစ်မူထူးခြားသောရိုက်ကူးမှုကို ပြုလုပ်ခဲ့ပါသည်။ MODA က လုပ်ရိုးလုပ်စဉ်အတိုင်းအသုံးပြုနေသည့် DSLR ကင်မရာအစားHUAWEI P10 Plus ကိုကင်မရာအဖြစ် အသုံးပြုပြီး အရည်အသွေးကောင်းမွန်သော မျက်နှာဖုံးကာဗာရိုက်ကူးမှုကို ပြုလုပ်ခဲ့ပါသည်။

ဓာတ်ပုံရိုက်ကူးရေးအတွက် တာဝန်ယူထားသည့် ဓာတ်ပုံပညာရှင် ကိုသီဟက “MODA မဂ္ဂဇင်းကနေ DSLR အစား စမတ်ဖုန်းကိုအသုံးပြုပြီး ရိုက်ကူးမယ့်အစီအစဉ်အတွက် ကျွန်တော့်ကို ဆက်သွယ်လာတော့ ဒီရိုက်ကူးမှုကို တော်တော့်ကို စိတ်ဝင်စားသွားတယ်။ ဒါကဆန်းသစ်တီထွင်မှု ပုံစံသစ်တခုဖြစ်နေတာကိုး။ ကျွန်တော်က အပြင်မှာလည်းHUAWEIသုံးနေကျဆိုတော့ သူ့မှာပါတဲ့ အလင်းအမှောင် visual setting တွေကိုလွယ်လွယ်ကူကူသုံးတတ်တဲ့အတွက် MODA ကချပေးတဲ့ Mysterious Night၊ Extraordinary နဲ့ Tech-Higher ဆိုတဲ့ Theme တွေကို ဓာတ်ပုံတစ်ပုံချင်းစီမှာ ပိုင်ပိုင်နိုင်နိုင် သုံးနိုင်ခဲ့တယ်။ DSLR ကင်မရာမှာက function တွေ အများကြီးပါပေမယ့် HUAWEI P10 Plus ကလည်း Cover Shot တွေကို ပရိုဖက်ရှင်နယ်ကျကျ ရိုက်နိုင်လောက်အောင်   ကောင်းပါတယ်။ ဒီဖုန်းရဲ့ လုပ်ဆောင်နိုင်မှုတွေက အကန့်အသတ်ရှိရင်တောင် လူတယောက်ရဲ့ တီထွင်ဖန်တီးမှုက အကန့်အသတ် မရှိဘူးလို့ ကျွန်တော်ယုံကြည်တယ်။ သြဂုတ်လထုတ် မဂ္ဂဇင်းထဲက ကျွန်တော်ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အားပေးကြပါဦး။” ဟုပြောကြားသွားခဲ့ပါသည်။

HUAWEI P10 Plus ၏ ကင်မရာသည် ကျွမ်းကျင်ဓာတ်ပုံဆရာများ အသုံးပြုနိုင်သလို အပျော်တမ်းအသုံးပြုများအတွက်လည်း လွယ်လွယ်ကူကူ အသုံးပြုနိုင်ပါသည်။ ဓာတ်ပုံရိုက်ကူးရေး ပြီးဆုံးသွားပြီးနောက်တည်းဖြတ်မှုပြုရာတွင် နဂိုမူလပုံ၏အရည်အသွေးကိုမကျဆင်းစေဘဲတည်းဖြတ်နိုင်သည့် DNG Raw Format ကိုအသုံးပြုနိုင်အောင်လည်းစီစဉ်ထားပါသည်။

HUAWEI P10 Plus တွင်အသုံးပြုထားသည့် Leica Summilux F/1.8 lens အသစ်အားအလင်းရောင်နည်းပါးသည့် အချိန််တွင် အသုံးပြုနိုင်ရန် စီစဉ်ထားပါသည်။ ဤဖုန်းတွင် ၁၂ Megapixel နှင့် ၂၀ Megapixel ရှိသည့် ကင်မရာနှစ်လုံးပါဝင်ပြီး Optically Stabilized Color Sensor နှင့် Monochrome Sensor တို့ပါရှိခြင်းကြောင့် Leica ကင်မရာနည်းပညာအသုံးပြုထားသောHUAWEI Smartphone Camera များ၏ ရုပ်ထွက်အရည်အသွေးအားပိုမိုကောင်းမွန်စေပါသည်။

Huawei Technologies (Yangon) Co., Ltd ၏ Marketing Director ဖြစ်သူမခင်ရတနာဝင်းကလည်း “ဒီဖုန်းတွေကိုမေလမှာ စတင်ရောင်းချခဲ့ပြီးတော့ စမတ်ဖုန်းတွေက ကင်မရာတွေနေရာမှာ ဘယ်လိုအစားထိုးဝင်ရောက်နေတယ်ဆိုတဲ့အကြောင်းကို MODA မဂ္ဂဇင်းတည်ထောင်သူ မထင်ထင်နဲ့ ပြောဖြစ်ခဲ့တယ်။ အဲလိုပြောနေတုန်းHUAWEI P10 Plus ကို MODA မဂ္ဂဇင်း Cover Shoot မှာသုံးဖို့ အကြံရလို့ မထင်ထင်ကိုပြောကြည့်တော့ သူကလည်းဒီစိတ်ကူးကိုသဘောကျတယ်။ အဲဒါနဲ့ ဒီအစီအစဉ် ဖြစ်မြောက်အောင် ဘယ်သူတွေနဲ့ ဘယ်လိုပုံစံရိုက်ကြမလဲဆိုတာ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူတူ ဆက်ဆွေးနွေးဖြစ်ကြတာပါ။ ဒါမျိုးက အရင်ကမလုပ်ဖူးဘူးဆိုတော့ လုပ်ရတာ ပျော်ဖို့လည်းကောင်းတယ်။ ရလာတဲ့ ဓာတ်ပုံတွေကိုကြည့်လိုက်ရင်HUAWEI P10 နဲ့ P10 Plus တွေဟာအရည်အသွေးမြင့်တဲ့ ဓာတ်ပုံတွေကို ရိုက်နိုင်တယ်ဆိုတာသိနိုင်ပါတယ်။”ဟု ပြောကြားသွားခဲ့ပါသည်။

“ဒီစမတ်ဖုန်းနဲ့ရိုက်တဲ့ ဓာတ်ပုံတွေကပုံထွက်ကောင်းတဲ့အတွက် သုံးတဲ့လူတွေအားလုံး ကြိုက်မယ်လို့ ထင်ပါတယ်။ MODA မဂ္ဂဇင်းနဲ့ ပူးတွဲလုပ်ခဲ့တာကဒီဖုန်းဟာဓာတ်ပုံဆရာတွေ Cover Shotတွေဖန်တီးတဲ့နေရာမှာသုံးလို့ရတယ်ဆိုတာကို ပြချင်လို့ပါ။ မဂ္ဂဇင်းထဲမှာပါတဲ့ ကာဗာနဲ့ ဖက်ရှင်ဓာတ်ပုံတွေကိုပရိသတ်တွေ ကြိုက်ကြမယ်ဆိုတာ   သေချာပါတယ်။”ဟုမခင်ရတနာဝင်းက ဆက်လက်ပြောကြားသွားခဲ့ပါသည်။

မှန်ဘီလူးနှစ်ခုပါဝင်သည့် ၂၀ Megapixel ကင်မရာမှာ အသုံးပြုပုံအမျိုးမျိုး ပါရှိပါသည်။ ဥပမာအားဖြင့် Subject အပေါ်တွင် Focus ယူပြီး နောက်ခံကိုဝါးအောင် စွမ်းဆောင်နိုင်သည့် Bokeh Effect ကိုအသုံးပြုနိုင်သလို ဓာတ်ပုံထဲတွင်ပါသည့် အရာဝတ္ထုအားလုံးကို ကြည်လင်ပြတ်သားစွာပေါ်လွင်စေသည့် Auto Mode ကိုလည်း အသုံးပြုနိုင်ပါသည်။

သြဂုတ်လ၏ မျက်နှာဖုံးရှင်ဖြစ်သော ရုပ်ရှင်သရုပ်ဆောင်နန်းဆုဦးကလည်း “ဒီရိုက်ကူးမှုကနန်းဆုအတွက် ပထမဆုံးတွေ အများကြီးပဲ။ မိတ်ကပ်ဆရာ၊ Stylist၊ ဓာတ်ပုံဆရာ၊ ဒီဇိုင်နာ၊ Videographer တွေအားလုံးနဲ့ ပထမဆုံး တွေ့ဖူးတာပါ။ ဒါပေမယ့် ဒါတွေအားလုံးထဲကမှထူးထူးခြားခြားအဖြစ်ဆုံးကတော့ နန်းဆုကြိုက်တဲ့ Phone နဲ့ ဓာတ်ပုံရိုက်ရတာပါပဲ။ နန်းဆုအတွက်စမတ်ဖုန်းတစ်လုံးနဲ့ Cover Photo ရိုက်တာဒါကပထမဆုံးပါပဲ။ ပြီးတော့ နန်းဆုကဒီဖုန်းပဲသုံးနေတာဆိုတော့ဒီဖုန်းနဲ့ပဲနေ့တိုင်းဓာတ်ပုံတွေရိုက်ဖြစ်တဲ့အတွက် HUAWEI P10 Plus ရဲ့ အရည်အသွေးကိုယုံကြည်ပြီးသားပါ။ ဒီဖုန်းနဲ့ ဓာတ်ပုံရိုက်တိုင်းပုံတွေက နန်းဆုလိုချင်သလို အမြဲတမ်းရတဲ့အတွက် စိတ်တိုင်းကျပါတယ်”ဟုပြောခဲ့ပါသည်။

ရိုက်ကွင်းမှ ဓာတ်ပုံများနှင့် ပါဝင်သော အနုပညာရှင်များ၏ အင်တာဗျူးတို့ကို ကြည့်ရှုရန် ဤ Facebook စာမျက်နှာ https://www.facebook.com/artskyshow/posts/724208604455046သို့မဟုတ် Pyone Play စာမျက်နှာ http://www.pyoneplay.com/show/Art-Sky/1fbdb6562e904ce9a3e73effcadeb47e/video/loajYxYzE6ioZuRa6Aoa4k9kYE65XRe4/21/7/2017-Art-Sky-(Seg-1)တွင် ကြည့်ရှုနိုင်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly