သီရိမင်္ဂလာ​စျေး​ဟောင်​း​နေရာ၌ (၁၅)ထပ်​တိုက်​​ဆောက်​မည့် အစီအစဉ်မရှိသေး

သီရိမင်္ဂလာ​စျေး​ဟောင်​း​နေရာ၌ (၁၅)ထပ်​တိုက်​​ဆောက်​မည့် အစီအစဉ်မရှိသေး

ရန်​ကုန်​၊သြဂုတ်​၂၃ ။           ။ အန္တရာယ်​ရှိအ​ဆောက်​အဦးအဖြစ်​ သတ်​မှတ်​ခံထားရသည့် သီရိမင်္ဂလာ​စျေး​ဟောင်​း​နေရာတွင်​ (၁၅)ထပ်​တိုက်​​ဆောက်​လုပ်​မည်​ဆို​သော သတင်​းမှာ မဟုတ်​မှန်​​ကြောင်​း ကြည်​့မြင်​တိုင်​မြို့နယ်​ မဲဆန္ဒနယ်​အမှတ်​(၂) တိုင်​း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးခင်​ဝင်​းက ငြင်​းဆိုလိုက်​သည်​။

သီရိမင်္ဂလာ​စျေး​ဟောင်​း​နေရာ၌ (၁၅)ထပ်​အမြင်​့ရှိအ​ဆောက်​အဦးကို ရန်​ကုန်​မြို့​တော်​စည်​ပင်​နှင်​့ အကျိုးတူတည်​​ဆေက်​ရန်​ တင်​ဒါ​ခေါ်သွားမည်​ဖြစ်​​ကြောင်​း ယခုရက်ပိုင်းအတွင်း   ကောလာဟလများထွက်​​ပေါ်​နေသည်​။

"အဲဒါက မ​ဆောက်​ဖြစ်​​သေးပါဘူး။ ဟိုကမြို့​တော်​ဝန်​ပြန်​လာပြီးမှ အန္တရာယ်​ရှိအ​ဆောက်​အဦးလား ပြန်​ပြင်​ရင်​ရမလား အဲဒါကိုရန်​ကုန်​တိုင်​းအစိုးရအဖွဲ့က စစ်​လိမ်​့မယ်​​လေ"ဟု ကြည်​့မြင်​တိုင်​မြို့နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးခင်​ဝင်​းက ​ပြောပြသည်​။

ရန်​ကုန်​မြို့​တော်​ဝန်​ဦး​မောင်​​မောင်​စိုးနှင်​့​ ​အဆိုပါစျေး​ဟောင်​းမှကားလုပ်​ငန်​းရှင်​များ၊ လွှတ်​​တော်​ကိုယ်​စားလှယ်​များ​တွေ့ဆုံသွားမည်​ဖြစ်​ပြီး ထိုမှတစ်​ဆင်​့သာ သီရိမင်္ဂလာ​စျေး​ဟောင်​းအား ပြန်​လည်​ပြင်​ဆင်​ သင်​့၊မသင်​ ကိုဆုံးဖြတ်​သွားနိုင်​မည်​ဖြစ်​သည်​။

"ဘာမှComfirm(အတည်​)မဖြစ်​​ပါဘူး ။​စောင်​့ကြည်​့လိုက်​မယ်​။ နား​ထောင်​ပါဦး"ဟု ဦးခင်​ဝင်​းက ဆက်​လက်​​ပြောသည်​။

ကြည်​့မြင်​တိုင်​ကမ်​းနားလမ်​း​ပေါ်တွင်​ရှိသည့် သီရိမင်္ဂလာ​စျေး​ဟောင်​း​ကို ပြန်​လည်​ပြင်​ဆင်​သင်​့မသင်​့ကို ရန်​ကုန်​အစိုးရအဖွဲ့မှ ​ပညာရှင်များဖြင်​့ စစ်​​ဆေးသွားရန်​ရှိ​နေသည်​။

သီရိမင်္ဂလာ​စျေးကို ၁၉၉၆ခုနှစ်​တွင်​ တည်​​ဆောက်​ခဲ့ပြီး ကုန်​​စိမ်​း၊ကုန်​​ခြောက်​များ​ရောင်​းဝယ်​ခဲ့ကြသည်​။

၎င်း​နောက်​ ယာဉ်​​ကြောကြပ်​တည်​းမှု​ကို အ​ကြောင်​းပြု၍ လှိုင်​မြို့နယ်​သို့ သီရိမင်္ဂလာ​စျေးသစ်​အ​နေဖြင်​့ ​ပြောင်​း​ရွေ့ခဲ့သည်​။

လက်​ရှိ သီရိမင်္ဂလာ​စျေး​ဟောင်​းတွင်​ သီရိမင်္ဂလာယာဉ်​​ရောင်​းဝယ်​​ရေးစခန်​းဖွင်​့လှစ်​ထားရှိပြီး ​သီရိမင်္ဂလာစျေး​ဟောင်​းမှာ သက်​တမ်​း(၂၁)နှစ်​ရှိပြီဖြစ်​သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required