ကမ္ဘာ့အကြီးဆုံး စမူဆာ စံချိန်ချိုး ပြုလုပ်

ကမ္ဘာ့အကြီးဆုံး စမူဆာ စံချိန်ချိုး ပြုလုပ်

လန်ဒန်၊ သြဂုတ် ၂၃ ။            ။ လန်ဒန်က မွတ်လလင်အကူအညီပေးရေးအသင်းဟာ အကြီးဆုံးစမူဆာကြီး ပြုလုပ်ပြီး ကမ္ဘာ့စံချိန်ချိုးလာပါတယ်။ စမူဆာကြီးဟာ အလေးချိန် ၁၅၃ ဒဿမ ၁ ကီလိုဂရမ် (၃၃၇ ဒဿမ ၅ ပေါင်) အလေးချိန် ရှိပါတယ်။

အရှေ့လန်ဒန်ဗလီမှာ ခုအသင်းက စေတနာဝန်ထမ်း တစ်ဒါဇင်ဟာ စမူဆာကြီးကို ပြုလုပ်ကြတာဖြစ်ပါတယ်။ အရင်က ကမ္ဘာ့အကြီးဆုံး စမူဆာအဖြစ် စံချိန်တင်ထားတာကတော့ အင်္ဂလန်မြောက်ပိုင်း Bradford College က ၂၀၁၂ ဇွန်လအတွင်းက ပြုလုပ်ခဲ့တဲ့ စမူဆာကြီးဖြစ်ပြီး အလေးချိန်က ၁၁၀ ဒဿမ ၈ ကီလိုဂရမ် ရှိပါတယ်။

ခု လန်ဒန်က စမူဆာကြီးကို ဂင်းနစ်မှတ်တမ်းအဖွဲ့က အကဲဖြတ်စစ်ဆေးလျက်ရှိနေပါတယ်။

ကမ္ဘာ့အကြီးဆုံး စမူဆာအဖြစ် မှတ်တမ်းသွင်းဖို့အတွက် သုံးနာညီတြိဂံဖြစ်ရမှာဖြစ်သလို ဂျုံ၊ အားလူး၊ ကြက်သွန်နဲ့ ပဲ စတာတွေလည်း ပါဝင်ရပါမယ်။

ကြော်လှော်တဲ့ အခါလည်း ပုံစံမပျက်သွားရပါဘူး။

စမူဆာတစ်ခုနဲ့ တူရမှာဖြစ်ပြီး စမူဆာအရသာအတိုင်း ရှိရမှာဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး စမူဆာ ပြုလုပ်ရာမှာ စီစဉ်ကြီးကြပ်သူ အစ်စလာမ်က ဂင်းနစ်မှတ်တမ်းအဖွဲ့ရဲ့ စစ်ဆေးမှုဟာ တကယ်ပဲ စိန်ခေါ်မှုကြီးဖြစ်တယ်လို့ အေအက်ဖ်ပီကို ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required