မလေးရှားပရိသတ်များရန်ပြုခံရသော မြန်မာပရိသတ်များအတွက် MFF ထောက်ပံ့ကူညီ

မလေးရှားပရိသတ်များရန်ပြုခံရသော မြန်မာပရိသတ်များအတွက် MFF ထောက်ပံ့ကူညီ
ဓာတ်ပုံ-MFF
 

သြဂုတ် ၂၃၊ ရန်ကုန်။          ။ ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စု(က)ပွဲစဉ်တစ်ပွဲဖြစ်သော မလေးရှား-မြန်မာပွဲစဉ်အပြီးတွင် ကွင်းပြင်ပ၌ မလေးရှားပရိသတ်အချို့၏ တိုက်ခိုက််ခံရသော မြန်မာပရိသတ်များအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့သည်။

မလေးရှားနိုင်ငံ၊ ရှားအလမ်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေရသော မြန်မာဘောလုံးပရိသတ်များဖြစ်သည့် ကိုမောင်မျိုး၊ ကိုမင်းစိုးတို့ အပါအဝင် ဒဏ်ရာရပရိသတ်များအတွက် ဆေးကုသစရိတ် ရင်းဂစ် ၁၂၇၈၀ (ကျပ်သိန်းပေါင်း ၄၀ ဝန်းကျင်) ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကူညီပံ့ပိုးခဲ့သည်။

အဆိုပါထောက်ပံ့ငွေများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌကိုယ်စား မြန်မာယူ-၂၂အသင်းမန်နေဂျာ ဦးသန်းတိုးအောင်၊ မြန်မာသံရုံးမှ ပထမအတွင်းဝန် ဦးသက်ဇော်တိုးနှင့်အဖွဲ့   နှလုံးလှပရဟိတအဖွဲ့မှဦးဆောင်သူများ ဆေးရုံသို့သွားရောက်ကာ ကာယကံရှင်များကို ပေးအပ်ခဲ့သည်။

မလေးရှားအသင်းက မြန်မာအသင်းကို ၃ - ၁ ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲစဉ်ကို မလေးရှားနိုင်ငံမှမြန်မာဘောလုံး ပရိသတ် ၈၀၀၀ ကျော်လာရောက်အားပေးခဲ့ပြီး ပွဲအပြီးတွင် ပရိသတ်အချို့ရန်ပြုတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

မြန်မာပရိသတ်များကို တိုက်ခိုက်ခဲ့သော မလေးရှားပရိသတ်များကို စုံစမ်းရှာဖွေဖော်ထုတ်နေသည်ဟုလည်း မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required