မျိုးသုဉ်းအန္တရာယ်နှင့် ရင်ဆိုင်နေရသော ဟိမဝန္တာဝက်ဝံငယ်နှစ်ကောင်အား ထမံသီဘေးမဲ့တောထဲ ပြန်လွှတ်

မျိုးသုဉ်းအန္တရာယ်နှင့် ရင်ဆိုင်နေရသော ဟိမဝန္တာဝက်ဝံငယ်နှစ်ကောင်အား ထမံသီဘေးမဲ့တောထဲ ပြန်လွှတ်
ဓာတ်ပုံ - WCS (မြန်မာ)

ရန်ကုန်၊ သြဂုတ်လ ၂၃ ။            ။ အိန္ဒိယ - မြန်မာနယ်စပ်တွင် တွေ့ရှိပြီး ရရှိခဲ့သည့် မျိုးသုဉ်းအန္တရာယ်နှင့် ရင်ဆိုင်နေရသော ဟိမဝန္တာဝက်ဝံငယ် နှစ်ကောင်အား စစ်ကိုင်းတိုင်းဒေသကြီး၊ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ နမ်အီဇူးဧရိယာသို့ ပြန်လွှတ် ပေးခဲ့ကြောင်း WCS (မြန်မာ) မှ ယနေ့ သြဂုတ်လ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဝက်ဝံငယ်နှစ်ကောင်ကို တွေ့ရှိပြီးနောက် ခန္တီးခရိုင်သစ်တောဦးစီးဌာနသို့ သြဂုတ်လ ၁ဝ ရက်နေ့တွင် ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် သြဂုတ်လ ၁၅ ရက်နေ့တွင် ရေကြောင်းခရီးဖြင့် ထမံသီဘေးမဲ့တော ရှေ့တန်းစခန်းသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝက်ဝံငယ်နှစ်ကောင်ကို ထိုမှတဆင့် သြဂုတ်လ ၁၉ ရက်နေ့တွင် တောင်ခေါင်း ဦးမျိုးခိုင် ဦးဆောင်သော အဖွဲ့က ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ နမ်အီဇူးဧရိယာသို့ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ပြန်လည်လွှတ်ပေးခဲ့သည့် ဝက်ဝံငယ်နှစ်ကောင်လုံးမှာ တစ်နှစ်သားခန့်အရွယ်ရှိပြီး အရွယ်အစားမှာ အရပ် တစ်ပေ ၄လက် မ၊ ခန္ဓာကိုယ်အရှည် ၂ ပေ ၈ လက်မ၊ လုံးပတ်က တစ်ပေ ၈လက်မ ရှိကာ အမများဖြစ်သည်။ အဆိုပါ ဝက်ဝံငယ်များကို ပြန်လွှတ်ပေးခဲ့သော ထမံသီတောရိိုင်းတိရစ္ဆာန် ဘေးမဲ့တောထဲတွင် ဝက်ဝံကြီး( ဟိမဝန္တာဝက်ဝံ)နှင့် မလေးဝက်ဝံ နှစ်မျိုးရှိကာ မလေးဝက်ဝံ ရင်ဘတ်ပေါ်တွင် အင်္ဂလိပ်အက္ခရာ U ပုံသဏ္ဍာန် အမှတ်အသားနှင့် အမွေးပါးပြီး ဟိမဝန္တာဝက်ဝံ ရင်ဘတ်ပေါ်တွင် V ပုံသဏ္ဍာန် အမှတ်အသားနှင့် အမွှေးမှာ မလေးဝက်ဝံထက် ပိုထူပြီး ပိုကြမ်းကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly