အပစ်ရပ် NCA လက်မှတ် အမြန်ဆုံးရေးထိုးရန် မွန်ပြည်သစ်ပါတီကို မွန်ဝန်ကြီးချုပ် တိုက်တွန်း

အပစ်ရပ် NCA လက်မှတ် အမြန်ဆုံးရေးထိုးရန် မွန်ပြည်သစ်ပါတီကို မွန်ဝန်ကြီးချုပ် တိုက်တွန်း

မော်လမြိုင်၊ သြဂုတ် ၂၃ ။          ။ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ငြိမ်းချမ်းရေးညီလာခံ ပြုလုပ်ကျင်းပချိန်၌ မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ် အမြန်ဆုံးရေးထိုးနိုင်ရန် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက တိုက်တွန်းခဲ့ကြောင်းပြည်တွင်းရေးတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

ယနေ့  သြဂုတ် ၂၃ ရက် နံနက် ၁၀ နာရီခန့်၌ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယင်းသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ ဆွေးနွေးတာက နိုင်ငံရေးအကြောင်းပါပဲ၊ ငြိမ်းချမ်းရေးတည််ဆောက်နေတဲ့ အပိုင်းမှာ ကျွန်တော်တို့ ပါတီပါဝင်နိုင်ဖို့ NCA လက်မှတ် အမြန်ဆုံးထိုးဖို့ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့တယ်”ဟု   ပြည်တွင်းရေးတာဝန်ခံ နိုင်ဝင်းလှက ပြောဆိုသည်။

ထိုသို့ အပစ်ရပ် NCA လက်မှတ်ရေးထိုးရေးအတွက် မွန်ပြည်သစ်ပါတီမှ အချိန် ၃ လ တောင်းခံထားကြောင်း သိရသည်။

“ မွန်လူမျိုးများ၏ မွန်ဘာသာစာပေယဉ်ကျေးမှုှနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လက်ခံသဘောတူထားပြီး ကျွန်တော်တို့ သူတို့ မွန်ပြည်သစ််ပါတီက လာမည့် ငြိမ်းချမ်းရေးညီလာခံ၌ NCA လက်မှတ်ထိုးနိုင်ရန် သုံးလခန့်အချိန်ပေးရန် မေတ္တာရပ်ခံထားကြောင်း”  မွန်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ဆိုသည်။

“NCA လမ်းကြောင်းအတိုင်းသွားဖို့ သူတို့ (မွန်လူမျိုး) အများစုက ဆန္ဒရှိကြတယ်၊ မွန်ပြည်သစ်ပါတီက UNFC မှာ ဥက္ကဋ္ဌဖြစ်နေတဲ့အတွက်ကြောင့် ကျန်တဲ့သုံးဖွဲ့ကိုလည်းစည်းရုံးရေးဆင်းနေရတယ်၊  ကျန်တဲ့သုံးဖွဲ့ရဲ့ သဘောထားဘယ်လိုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေသူတို့အနေနဲ့ နောက်သုံးလကြာရင် ဆုံးဖြတ်ချက် တစ်ခု ချပေးမယ််လို့တော့ ကျွန်တော်တို့ကိုပြောသွားတယ်” ဟု မွန်ဝန်ကြီးချုပ်က ထပ််မံပြောဆိုသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတိို့ တွေ့ဆုံခဲ့သည်မှာ သုံးကြိမ်မြောက်ရှိပြီး နိုင်ငံတော်မှ အကောင်ထည်ဖော်လုပ်ဆောင်နေသော ငြိ်မ်းချမ်းရေးညီလာခံ NCA လက်မှတ်ရေးထိုးနိုင်ရန်နှင့် မွန်အမျိုးသားစာပေသင်ကြားမှုကိစ္စရပ်များအပြင််အခြားလိုအပ်ချက်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ဝင်းလှက ဆိုသည်။

“NCA ကို ကျွန်တော်တို့ ထိုးမယ်ထိုးမယ်လို့ အမြဲပြောခဲ့ပါတယ်၊ ခုတွေ့ဆုံတာနောက််တစ်ကြိမ်ပြုလုပ်မယ့် ညီလာခံမှာ ပါနိုင်အောင် ကျွန်တော်တို့ ထိုးနိုင်အောင် ကြိုးစားနေတယ်”ဟု နိုင်ဝင်းလှက ထပ်လောင်းပြောဆိုသည်။

မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံး၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံဦးဆောင်သည့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် မွန်ပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး (၁) နိုင်ဇေယ၊ ပြည်တွင်းရေးတာဝန်ခံ နိုင်ဝင်းလှအပါဝင် ၁၁ ဦးတို့ တွေ့ဆုံဆွေးနွေးမှုသည် NLDအစိုးရလက်ထက်၌ ယခင််ဝန်ကြီးချုပ်ဟောင်း မင်းမင်းဦးလက်ထက်တွင် တစ်ကြိမ်၊ ယခုဝန်ကြီးချုပ်လက်ထက်တွင် နှစ်ကြိမ်၊ စုစုပေါင်းသုံးကြိမ်မြောက် တွေ့ဆုံဆွေနွေးခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာအေးဇံက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly