အကြမ်းဖက်မှု တိုက်ဖျက်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အင်ဒိုနှင့် မြန်မာဆွေးနွေး

အကြမ်းဖက်မှု တိုက်ဖျက်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အင်ဒိုနှင့် မြန်မာဆွေးနွေး
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး
 

ရန်ကုန်၊ သြဂုတ် ၂၃ ။             ။ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတကာ အဆင့်တို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးဆွေးနွေးခဲ့ကြကြောင်း အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ သိရသည်။

ဒေသတွင်း၌ ဘာသာရေးအစွန်းရောက်မှုနှင့် အကြမ်းဖက်မှုအန္ထရာယ် မြင့်မားလာသည့် အခြေအနေ တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သြဂုတ် ၂၃ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဌာန (NRPC) တွင် ယနေ့ (သြဂုတ် ၂၃) မနက်ပိုင်းကပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအစိုးရဖက်မှ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊   နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန တို့မှ အရာရှိများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အင်ဒိုနီးရှား နိုင်ငံဖက်မှ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး His Excellency Dr. Ito Sumardi၊ အင်ဒိုနီးရှားနိုင်ငံ အမျိုးသားအကြမ်းဖက်မှု တိုက်ဖျက်ရေးအေဂျင်စီနှင့် ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးတို့မှ အဆင့်မြင့်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly