ချက်စတာဘန်နင်တန်အား အောက်မေ့သတိရသည့်အနေဖြင့် ဖျော်ဖြေပွဲပြုလုပ်ရန် Linkin Park စီစဉ်

ချက်စတာဘန်နင်တန်အား အောက်မေ့သတိရသည့်အနေဖြင့် ဖျော်ဖြေပွဲပြုလုပ်ရန် Linkin Park စီစဉ်

Linkin Park အဖွဲ့က သူတို့သည် အဖွဲ့၏ရှေ့ထွက်အဆိုတော် ချက်စတာဘန်နင်တန်ကို အောက်မေ့သတိရ သည့်အနေဖြင့် ဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်ရန်စီစဉ်နေကြကြောင်း မကြာသေးခင်က ကြေညာခဲ့သည်။

Linkin Park သည် လော့စ်အိန်ဂျယ်လိစ်မြို့၌ ပရိသတ်များအတွက် အထူးဖျော်ဖြေပွဲတစ်ခု ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း ဖေ့စ်ဘုတ်နှင့် အင်စတာဂရမ်တို့မှတဆင့် အသိပေးပြောကြားခဲ့သည်။

ပြီးခဲ့သောလက အဖွဲ့၏ရှေ့ထွက်အဆိုတော် ချက်စတာဘန်နင်တန် မိမိကိုယ်ကို အဆုံးစီရင်သွားသည့်အချိန်၌ Linkin Park အဖွဲ့သည် အလွန်တရာခက်ခဲသော အခိုက်အတန့်ကို ကြံုတွေ့ခဲ့ရပြီး ထိုကာလတစ်လျှောက်လုံး ၄င်းတို့ကို စိတ်ဓာတ်ခိုင်မာအောင် အားပေးခဲ့ကြသော ပရိတ်သတ်များအား အထူးကျေးဇူးတင်ကြောင်း Link Park အဖွဲ့က ပြောခဲ့သည်။

ချက်စတာဘန်နင်တန်သည် လွန်ခဲ့သောဇူလိုင်လ ၂၀ရက်နေ့က လော့စ်အိန်ဂျယ်လိစ်ရှိ သူ၏နေအိမ်၌ မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့သည်။ အသက် ၄၁နှစ်အရွယ် ချက်စတာသည် သူ၏ဘဝတစ်လျှောက်လုံး အရက်နှင့် မူးယစ်ဆေးဝါးတို့ကို သုံးစွဲခဲ့ပြီး ကလေးဘဝက အနိုင်ကျင့်နှိပ်စက်ခံခဲ့ရသည့်အတွက် ကြီးမားသော စိတ်ဒဏ်ရာ ကိုလည်း ခံစားနေခဲ့ရသည်။

သူ၏ကွယ်လွန်မှုကြောင့် Likin Park ၏ ပရိသတ်အများအပြား ပူဆွေးသောကရောက်ခဲ့ရပြီး ဂီတလောကမှ အနုပညာညီအစ်ကို မောင်နှမများက သူ့ကို ရည်စူးဂုဏ်ပြုခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required