စစ်သင်္ဘောတိုက်မှုဖြစ်စဉ်ကြောင့် အမေရိကန် အမှတ် ရ ရေတပ်အုပ်စု၏ တပ်မှူး ထုတ်ပယ်ခံရ

စစ်သင်္ဘောတိုက်မှုဖြစ်စဉ်ကြောင့် အမေရိကန် အမှတ် ရ ရေတပ်အုပ်စု၏ တပ်မှူး ထုတ်ပယ်ခံရ

သြဂုတ် ၂၃ ။                      ။ စင်ကာပူကမ်းလွန်မှာ ဆီတင်သင်္ဘောနဲ့ ဖျက်သင်္ဘောတို့ တိုက်မိခဲ့ပြီး လူသေဆုံးမှုရှိခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ယခုအခါ အမှတ် ရ ရေတပ်အုပ်စု၏ တပ်မှူးကို ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်ရေတပ်က သြဂုတ် ၂၃ တွင် အတည်ပြုသည်။

ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး ဂျိုးဇက် အော်ကွိုင်၏ ဦးဆောင်မှု အရည်အချင်းပေါ် ယုံကြည်မှု မရှိတော့ခြင်းကြောင့် လက်ရှိ အမှတ် ရ ရေတပ်အုပ်စု တပ်မှူးအဖြစ်မှ ရပ်ဆိုင်းလိုက်ပြီ   ဖြစ်ကြောင်း ရေတပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင်္ဘောသား ဆယ်ဦး ပျောက်ဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည့် အမေရိကန်ဖျက်သင်္ဘော USS John S.McCain နဲ့ ဆီတင်သင်္ဘောတို့ တိုက်မိမှုဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်ရေတပ်က စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေလျက်ရှိပါတယ်။

အမေရိကန်ရေတပ်၏ အမှတ် ရ ရေတပ်အုပ်စုမှာ ဂျပန်နိုင်ငံ ယိုကိုဆူကာတွင် အခြေစိုက်ပြီး အမေရိကန်စစ်တပ်၏ အာရှဒေသတွင်း အခြေပြုသည့် အဓိကအင်အားစုလည်း ဖြစ်သည်။ အလားတူ တောင်တရုတ်ပင်လယ်နှင့် ကိုရီးယားကျွန်းဆွယ်တို့ကဲ့သို့ ဒေသများအတွက် အရေးကြီးတဲ့ လုပ်ငန်းတာဝန်များကို တာဝန်ယူထားရသည့် ရေတပ်အုပ်စုလည်းဖြစ်သည်။

ဖယ်ရှားခံရသည့် အော်ကွိုင်မှာ ယင်းရာထူးနေရာကို ၂၀၁၅ ခုနှစ်ကမှ စတင်ရယူထားခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၎င်း၏ နေရာတွင် ဗိုလ်ချုပ်ကြီး ဖီးလ် ဆောယာက အစားထိုးတာဝန်ယူသွားမည်ဖြစ်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required